马宁

ဝမ်ယိသည် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးErywan နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2021-06-08 11:05:49  

  ဇွန်လ ၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ချုံချင့်မြို့၌ အာဆီယံအလှည့်ကျသဘာပတိနိုင်ငံ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးErywan နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

  Erywanသည် ယခုတလော မြန်မာနိုင်ငံသို့ ခရီးလှည့်လည်သောအကြောင်းကို မိတ်ဆက်ခဲ့သည်။ ဝမ်ယိက တရုတ်နှင့်အာဆီယံတို့သည် မြန်မာရေးရာနှင့်ပတ်သက်ပြီး ရပ်တည်ချက်နှင့် အမြင် ယေဘုယျအားဖြင့် တူညီပြီး မိမိတို့အနေနှင့် အာဆီယံနှင့် ဆက်လက်ပူးပေါင်းပြီး မြန်မာနိုင်ငံ ဘက်အသီးသီးတို့အား ပြည်သူ၏အကျိုးစီးပွားကို အလေးထားပြီး အေးဆေးတည်ငြိမ်စွာ ထိန်းထားကာ အကြမ်းဖက်မှုအမျိုးမျိုးပပျောက်ခြင်းကို အတူတွန်းအားပေးလိုပါကြောင်း၊ မြန်မာနိုင်ငံ ဘက်အသီးသီးတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အောက်တွင် နိုင်ငံရေးဆွေးနွေးပွဲကို ဆောင်ရွက်ပြီး ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်ကို ဆက်တိုက် တွန်းအားပေးရေးကို အတူအားပေး ထောက်ခံလိုပါကြောင်း၊ မြန်မာနိုင်ငံအတွက် ကပ်ရောဂါတိုက်ဖျက်ရန် ကူညီထောက်ပံ့မှုကို အတူပေးအပ်ပြီး မြန်မာနိုင်ငံ ကပ်ရောဂါပျံ့နှံ့မှုကို တားဆီးကာကွယ်ကာ မြန်မာနိုင်ငံ ကပ်ရောဂါ ထိန်းချုပ်လို့မရ မဖြစ်စေရန် တားဆီးကာကွယ်ပေးလိုပါကြောင်း၊ မြန်မာနိုင်ငံစီးပွားရေးပြန်လည်နာလန်ပြန်ထူရေး၊ ပြည်သူနေထိုင်မှု ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး၊ အခြေခံပြည်သူများ၏ အခွင့်အရေး အာမခံပေးရေးတို့ကို အတူထောက်ခံပေးလိုပါကြောင်း၊ နိုင်ငံအသီးသီးတို့အား ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ ရည်မှန်းချက်မူကို လိုက်နာဆောင်ရွက်ပြီး တစ်ဖက်သတ်အရေးယူမှုနှင့် မသင့်တော်သော ဝင်ရောက်စွက်ဖက်မှုကို ရှောင်လွဲရန် အတူတိုက်တွန်းလိုကြောင်းပြောကြားပါသည်။

  Erywan က အာဆီယံအနေနှင့် တရုတ်နိုင်ငံသည် မြန်မာရေးရာနှင့်ပတ်သက်၍ အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရေးကို ချီးကျူး ထောက်ခံပြီး အဆိုပါနယ်ပယ်တွင် တရုတ်ပြည်ဘက်နှင့် ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်လိုကြောင်း ပြောကြားပါသည်။