马宁

ဝမ်ယိသည် အာဆီယံအတွင်းရေးမှူးချုပ်Lim Jock Hoi နှင့်တွေ့ဆုံ

(GMT+08:00)2021-06-08 11:06:18  

  ဇွန်လ ၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ချုံချင့်မြို့၌ အာဆီယံအတွင်းရေးမှူးချုပ်Lim Jock Hoi နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထားရှိသည့် နှစ် ၃၀ ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ နှစ် ၃၀ အတွင်း နှစ်ဖက်ဆက်ဆံရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးစည်ပင်သာယာ ဝပြောရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် အာဆီယံနိုင်ငံအသီးသီးနှင့်အတူ ကပ်ရောဂါစည်းလုံးညီညွတ်စွာတိုက်ဖျက်ရေးကို ဆက်လက်ဆောင်ရွက်ပြီး အာဆီယံနိုင်ငံများ၏ လိုအပ်ချက်အရ ပိုမိုများပြားသော ကာကွယ်ဆေးဖြန့်ဖြူးပြီး ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်မှု၊ မှာယူမှု၊ ကြီးကြပ်စီမံခန့်ခွဲမှုနှင့် ထိုးနှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

  Lim Jock Hoi က ကပ်ရောဂါတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် အာဆီယံနှင့်တရုတ်နိုင်ငံတို့သည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား စိတ်ဓါတ် ပေါ်လွင်ပြီး တရုတ်နိုင်ငံက အာဆီယံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပေးအပ်သော တန်ဖိုးမြင့်မားသည့် ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။