邹立莹

ထိုင်း ကျန်းမာရေးဝန်ကြီးဌာန ကြေညာချက် ထုတ်ပြန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်လာလျှင် အခမဲ့ ဆေးကုသပေးမည်

(GMT+08:00)2021-05-31 12:45:15  

မေလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ပြီး၊  ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်ခြင်းကြောင့် ဆေးကုသမှုလိုအပ်လျှင် သက်ဆိုင်ရာ ဆေးကုသခကို ထိုင်းအစိုးရမှ ငွေရှင်းပေးမည်ဟု ဖေါ်ပြပါသည်။ ၎င်းသည် ထိုင်းပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်လာလျှင် အခမဲ့ ဆေးကုသမှုကို ရရှိနိုင်မည်ဟု ပြဆိုကြောင်း China Media Group မှ သတင်းအရ သိရပါသည်။