洪荃诠

ရှီကျင့်ဖိန်ရဲ့ ဂန္တဝင်စာသားများ-အပိုင်း၎

(GMT+08:00)2021-05-27 23:33:57  

ရှီကျင့်ဖိန်ရဲ့ ဂန္တဝင်စာသားများ-အပိုင်း၎
ရာသီဥတုနဲ့ပထဝီအခြေအနေကို လိုက်လျောပြီး လုပ်ဆောင်နိုင်ရင် အားစိုက်ထုတ်မှုနည်းပေမယ့် အောင်မြင်မှုများများရပါလိမ့်မယ်
၂၀၁၈ခုနှစ်မှာ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြည်လုံးဆိုင်ရာ ဂေဟစနစ်ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအစည်းအဝေးမှာ လယ်ယာစိုက်ပျိုးရေးပညာဆိုင်ရာ ရှေးခေတ်က စာအုပ် “ချီမင်းယောက်စု” ထဲမှာ ပါဝင်တဲ့ “ရာသီဥတုနဲ့ပထဝီအခြေအနေကို လိုက်လျောပြီး လုပ်ဆောင်နိုင်ရင် အားစိုက်ထုတ်မှုနည်းပေမယ့် အောင်မြင်မှုများများရပါလိမ့်မယ်”ဆိုတဲ့ ဂန္တဝင်စာသားကို ကိုးကား အသုံးပြုခဲ့ပါတယ်။ အဲဒီ ဂန္တဝင်စာသားက လူသားနဲ့ သဘာဝ သင့်မြတ်ဖေါ်ရွေစွာ အတူယှဉ်တွဲနေထိုင်မှုဆိုင်ရာ တရုတ်လူမျိုးရဲ့ ဉာဏ်ပညာကို ပြသနိုင်ပြီး ယနေ့ခေတ် တရုတ်နိုင်ငံဟာ ယင်းအတွေးအခေါ်ဉာဏ်ပညာကို ဆက်ခံ အသုံးပြုနေပါသေးတယ်။ တရုတ်ပြည်သူများက အလုပ်နဲ့နေထိုင်မှုဘဝမှာ အဲဒီအတွေးအခေါ်ကို ဘယ်လို လိုက်နာ ဖေါ်ဆောင်သလဲ ဆိုတာ သိချင်ရင် အခု တင်ပြတဲ့ ဗီဒီယိုလေးကို ကြည့်ကြရအောင်။