洪荃诠

စန်းတုန်းမှ အာဆီယံနိုင်ငံများသို့ ပထမဆုံး ကုန်တင် စင်းလုံးငှားလေယာဉ်သည် ချင်းတောင်မြို့ကနေ ထွက်ခွာပျံသန်း

(GMT+08:00)2021-05-16 12:08:14  

မေလ ၁၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်တွင် ဘိုးအင်း ၇၃၇ လေယာဉ် တစ်စင်းသည် အဝတ်အထည်၊ နေ့စဉ်သုံးပစ္စည်းများ စသည့် နယ်စပ်ဖြတ်ကျော် e-commerce ကုန်ပစ္စည်းများကို တင်ဆောင်ပြီး ချင်းတောင်မြို့ကနေ ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့သို့ ပျံသန်းခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက RCEP သဘောတူညီချက်ကို ပထမဆုံး အတည်ပြုပြီးနောက် စန်းတုန်းပြည်နယ်မှ အာဆီယံနိုင်ငံများသို့ ပျံသန်းသော ပထမဆုံး ကုန်တင် စင်းလုံးငှားလေယာဉ်ဖြစ်သည်။ 
ယင်းစင်းလုံးငှားလေကြောင်းလိုင်း ဖွင့်လှစ်ပြီးနောက် ပိုမို များပြားသော စမ်းတုန်း ပြည်နယ်မှ ထုတ်ကုန်များကို အရှေ့တောင်အာရှ ဈေးကွက်သို့ ရောင်းချနိုင်မည် ဖြစ်ပြီး အရှေ့တောင်အာရှမှ ထုတ်ကုန်များကိုလည်း တရုတ်နိုင်ငံသို့ ပိုမို မြန်ဆန်စွာ ၀င်ရောက်နိုင်မည် ဖြစ်ပါသည်။

စန်းတုန်းမှ  အာဆီယံနိုင်ငံများသို့ ပထမဆုံး ကုန်တင် စင်းလုံးငှားလေယာဉ်သည် ချင်းတောင်မြို့ကနေ ထွက်ခွာပျံသန်း_fororder_dbb44aed2e738bd42ce5b2621cc107de267ff974