ထိုင်းနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်က ထိုင်းနိုင်ငံသည် ယခုနှစ် ပထမ ၃ လပတ်တွင် သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ထိုင်းဘတ်ငွေ ၃၈၃.၅၇၇ ဘီလီယံရှိပြီး အလားတူအချိန်ပိုင်းကထက် ၁၉.၃၁ ရာခိုင်နှုန်း တိုးများကြောင်း ယခုလ ၃ ရက်နေ့က ပြောကြားပါသည်။
ထိုင်းနိုင်ငံသည် မလေးရှား၊မြန်မာ၊လာအို၊ကမ္ဘောဒီးယားစသည့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ် ကုန်သွယ်မှု ပမာဏမှာ ထိုင်းဘတ်ငွေ ၂၂၂.၇၂ ဘီလီယံရှိပြီး ၉.၅၇ တိုးများလာကြောင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ ပထမဆုံးနေရာတွင်တည်ရှိပြီး ထိုင်းဘတ်ငွေ ၆၇.၂၁ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၄၆.၁၄ ရာခိုင်နှုန်းတိုးများကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသော အဓိကကုန်ပစ္စည်းမှာ ရော်ဘာ၊ သစ်သီး၊ အေးခဲသစ်သီး၊ သစ်သီးအခြောက်၊ ရော်ဘာထုတ်ကုန်ပစ္စည်းများဖြစ်ကြောင်း သိရပါသည်။