邹立莹

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ နှုတ်ထွက်ကြမ်းစကား အပေါ် တရုတ် ပြန်လည် တုံ့ပြန်

(GMT+08:00)2021-05-05 12:29:21  

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး တရုတ် ပင်လယ်ရဲသင်္ဘော ဟွမ်ယန်ကျွန်း ပင်လယ်ရပ်ဝန်းတွင် ကင်းလှည့်ခြင်းကို ကန့်ကွက်သည်ဟု ဖော်ပြသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လိုရှင်ကလည်း သူ၏ လူမှုကွန်ရက်တွင် နှုတ်ထွက်ကြမ်းစကားများ တင်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နှင့် တရုတ်အကြား ပဋိပက္ခ ရှိသော်လည်း ဖိလစ်ပိုင်ဘက်သည် ကြမ်းတမ်းရိုင်းစိုင်းဖြစ်ရမည်မူ မဟုတ်ကြောင်း၊ ဖိလစ်ပိုင်က ကိစ္စရပ်များစွာအပေါ် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ရကြောင်း ဖော်ပြပါသည်။

ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဟွမ်ယန်ကျွန်းသည် တရုတ် ပိုင်နက်နယ်မြေ ဖြစ်ပြီး အနီးအနားပင်လယ်ရပ်ဝန်းသည် တရုတ်နိုင်ငံ စီမံအုပ်ချုပ်ရာနေရာ ဖြစ်ကြောင်း၊ ဖိလစ်ပိုင် အနေနှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် စီမံအုပ်ချုပ်ခွင့်ကို လေးစားပြီး အခြေအနေရှုပ်ထွေးစေသော လုပ်ရပ်ကို ရပ်ဆိုင်းရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ဝင်ပင်က ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောဆိုသလို နှစ်နိုင်ငံတို့သည် အကြောင်းကိစ္စ တစ်ခုတလေတွင် သဘောကွဲလွဲမှုနှင့် ပဋိပက္ခရှိခြင်းသည် နှစ်ဖက်၏ ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေသင့်ကြောင်း၊ ယင်းသည်လည်း နှစ်ဖက်တို့ ကြိမ်ပေါင်းများစွာ ရရှိထားသော အရေးကြီး သဘောတူညီမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။