邹立莹

မြန်မာ့ တပ်မတော်ကာကွယ်ရေး ရဟတ်ယာဉ်တစ်စင်းကို မြန်မာ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်မှုဖြစ်၊ ရဟတ်ယာဉ် ပျက်ကျ

(GMT+08:00)2021-05-04 12:46:34  

မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေး ရဟတ်ယာဉ်သည် မေလ ၃ ရက်နေ့ နံနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်၏ ထိန်းချုပ်သောဒေသတွင် ယင်းအဖွဲ့က ပြန်လည်တိုက်ခိုက်သည့် အတွက် နိုင်ငံတော်ကာကွယ်ရေးတပ်မတော် ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ခဲ့သည်ဟု ယင်းအဖွဲ့မှ ပြောကြားပါသည်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးဌာနမှ ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာစစ်ဘက်နှင့် ကချင်ပြည်နယ် လွတ်လပ်ရေးတပ်မတော်တို့သည် မတ်လလကုန်မှစပြီး ကချင်ပြည်နယ်၌ အငြင်းပွားမှု အကြိမ် ၅၀ နီးပါးဖြစ်ပွားပြီး နှစ်ဖက်တို့သည် တိုက်လေယာဉ်နှင့် မော်တာကိုအသုံးပြုပြီး စစ်ဆင်ခဲ့သည့်အတွက် ဧပြီလ လကုန်အထိ လူ ၅၀၀၀နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ပြီး နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု သိရပါသည်။