邹立莹

မလေးရှား နှင့် စင်ကာပူနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ရရှိ

(GMT+08:00)2021-05-04 12:46:08  

မေလ ၂ ရက်နေ့တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin နှင့် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian တို့သည် စင်ကာပူ၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ သဘောတူညီချက်ရရှိခဲ့ပါသည်။

ဝန်ကြီးနှစ်ဦးတို့သည်  ဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံ၏နောက်ဆုံးအခြေအနေကို ထည့်သွင်း ဆွေးနွေးပြီး အာဆီယံနှင့် ၄င်း၏အဖွဲ့ဝင်နိုင်ငံများ ရေရှည်ငြိမ်းချမ်းရေးအတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်ရန် သဘောတူခဲ့သည်။