张晓宁

မြန်မာပြည်တွင်း ပြန်လည်သင့်မြတ်ရေးအတွက် အာဆီယံအဖွဲ့အနေနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်ရန် တရုတ်မျှော်လင့်

(GMT+08:00)2021-04-27 16:00:06  

တရုတ်ပြည်အနေနှင့် အာဆီယံထိပ်သီးများ အထူးအစည်းအဝေးကျင်းပခြင်းကို ကြိုဆိုကြောင်း၊ မြန်မာပြည်တွင်း ပြန်လည်သင့်မြတ်ရေး ရရှိနိုင်ရန်၊ အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွှတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အာဆီယံအဖွဲ့အနေနှင့် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယမန်နေ့ ၂၆ ရက်နေ့က ကျင်းပခဲ့သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

အာဆီယံအဖွဲ့သည် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် ထိပ်သီးများ အထူးအစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် သဘာပတိကြေညာချက်ထုတ်ပြန်ရာ မြန်မာ အခြေအနေနှင့်ပတ်သက်၍ သဘောတူညီချက် ၅ ရပ် ရရှိခဲ့ကြောင်း ဖော်ပြပါသည်။