马宁

၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် အာဆီယံသည် တရုတ်ပြည်၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိ

(GMT+08:00)2021-04-14 13:56:13  

၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင်အခြားRCEP အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်၏သွင်းကုန်ပို့ကုန် ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက်၂၀ရာခိုင်နှုန်းကျော် တိုးလာ

  ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် အာဆီယံသည် တရုတ်ပြည်၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေသည်။ ပထမသုံးလပတ် စာရင်းအရ တရုတ်နိုင်ငံမှ အာဆီယံသို့ သွင်းကုန်ပို့ကုန်ပမာဏသည် ယွမ်ငွေ ၁၂၄၀ ဘီလီယံရှိပြီး ၄င်းသည် တရုတ် နိုင်ငံခြားကုန်သွယ်မှု သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏ၏ ၁၄.၇ ရာခိုင်နှုန်းဖြစ်သည်။ ၄င်းအနက် တရုတ်နိုင်ငံသည် အာဆီယံသို့ ပို့ကုန်ပမာဏ ယွမ်ငွေ ၆၈၃ ဘီလီယံကျော်ဖြစ်ကာ အာဆီယံမှ သွင်းကုန်ပမာဏ ယွမ်ငွေ ၅၆၀ ဘီလီယံကျော် ဖြစ်သည်။

  ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ စင်ကာပူနိုင်ငံသို့ သွင်းကုန်ပို့ကုန် တိုးတက်မှုနှုန်း နှေးကွေးလာသော်လည်း အခြားအာဆီယံ ၉ နိုင်ငံနှင့် ၁၀ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သောကြောင့် တရုတ်နှင့် အာဆီယံ သွင်းကုန်ပို့ကုန် ပမာဏသည် ၂၂.၆ ရာခိုင်နှုန်း တိုးလာသည်ဟုChina Media Group မှ သတင်းအရသိရပါသည်။