马宁

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်း ၅နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲသို့ ဝမ်ယိ တက်ရောက်

(GMT+08:00)2021-04-14 13:52:35  

၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင်အခြားRCEP အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်၏သွင်းကုန်ပို့ကုန် ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက်၂၀ရာခိုင်နှုန်းကျော် တိုးလာ

  ယခုလ ၁၃ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်း ၅နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင်အခြားRCEP အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်၏သွင်းကုန်ပို့ကုန် ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက်၂၀ရာခိုင်နှုန်းကျော် တိုးလာ

  လန်ချန်း-မဲခေါင်နိုင်ငံ ၆နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနို်င်ငံများဖြစ်ပြီး သဘာဝကျသည့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များလည်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်၅နှစ်အတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ်သည် မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများမှ ပြည်သူများကို လက်တွေ့ကျသော အကျိုးများကို ဆောင်ကြဉ်းပေးကြောင်း၊ တရုတ်သည် မဲခေါင်မြစ် နိုင်ငံများနှင့် လက်တွဲပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် တိုးတက်စေပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်ကို ဖန်တီးကာ သာယာဝပြောသော ဒေသသစ်ကို ထူထောင်မည်ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင်အခြားRCEP အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်၏သွင်းကုန်ပို့ကုန် ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက်၂၀ရာခိုင်နှုန်းကျော် တိုးလာ

  လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲဥက္ကဋ္ဌနိုင်ငံ တရုတ်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးသန့်ဖေက မဲခေါင်မြစ်နိုင်ငံများမှ သံတမန်များ ကိုယ်စား မိန့်ခွန်းပြောကြားရာတွင် မိမိတို့ နိုင်ငံများအနေနှင့် တရုတ်နှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများကို ပိုမို အကျိုးပြုသည့် စနစ်များ ထူထောင်ခြင်းနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။