洪荃诠

“Belt and Road” သည် အာဆီယံနိုင်ငံများ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာနှင့် ချိတ်ဆက်ပြီး ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ခြင်းအတွက် အားသစ်လောင်းပေး

(GMT+08:00)2021-04-09 15:29:15  

ယခုနှစ်သည် တရုတ်နှင့်အာဆီယံနိုင်ငံများ ဆွေးနွေးဖက် ဆက်ဆံရေး ထားရှိခြင်း နှစ် ၃၀ပြည့်နှစ်ဖြစ်သည်။ ယခုနှစ်များတွင် တရုတ်နှင့်အာဆီယံတို့သည် “Belt and Road” အရည်အသွေးမြင့်မားစွာ လက်တွဲတည်ဆောက်ရန် တက်ကြွစွာ တွန်းအားပေးပြီး သက်ဆိုင်ရာနိုင်ငံများ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာနှင့် ထိရောက်စွာ ချိတ်ဆက်ကာ နှစ်ဖက် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အရည်အချင်းကို တစ်ဆင့်တိုး မြှင့်တင်ခြင်းဖြင့် ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ခြင်းအတွက် အားသစ်လောင်းပေးပါသည်။
“Belt and Road” အဆိုပြုချက်ကို တင်ပြသည့်နောက်ပိုင်း အခြေခံအဆောက်အဦ လုပ်ငန်းစဉ်များစွာ တည်ဆောက်ပြီး တရုတ်နှင့် အာဆီယံနိုင်ငံများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုရင်းနှီးစွာချိတ်ဆက်လာကြပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားချိန်တွင် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာပြီး ၂၀၂၀ပြည့်နှစ်တွင် တရုတ်-အာဆီယံ ကုန်စည် ကူးသန်းရောင်းဝယ်မှုပမာဏ စုစုပေါင်းတရုတ်ယွမ် ၄၇၄၉ ဘီလီယံရှိပြီး အာဆီယံသည် တရုတ်နိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်လာသည်ဟုChina Media Group မှ သတင်းအရသိရပါသည်။