“ထျန်းရှန်းတောင် သီချင်း၊ ရှင်းကျန်း တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများ၏ ချမ်းမြေ့သာယာမှု” ဓါတ်ပုံပြပွဲကို မတ်လ ၂၂ ရက်နေ့မှစ၍ ၃၁ ရက်နေ့အထိ ပီကင်းမြို့ရှိ တရုတ်အနုပညာရှင်များပြတိုက်တွင် ကျင်းပသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။
ယခုအကြိမ်ပြပွဲတွင် ဓါတ်ပုံဆရာ ၂၀ နီးပါးတို့၏ ရှင်းကျန်း စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ ယဉ်ကျေးမှု ဘဝဆိုင်ရာ ဓါတ်ပုံများကို ပြသထားပါသည်။