တရုတ်အစိုးရမှ ကင်မရွန်းနိုင်ငံအား ထောက်ပံ့ကူညီသော ဆေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၁၅ ရက်တွင် ကင်မရွန်းနိုင်ငံ မြို့တော် ယောင်ဒေးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကင်မရွန်း ကျန်းမာရေး ၀န်ကြီးဌာန ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဘေးရှီးလ်က ဤအကူအညီများသည် အခါတော်မှီ ဖြစ်ပြီး မိမိတို့သည် ကူးစက်ရောဂါကို အစွမ်းကုန် တိုက်ဖျက်နေဆဲ ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်အစိုးရကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်ဟု အာဖရိကသတင်းဌာနမှ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ပါသည်။