马宁

တရုတ်ထုတ် ကာကွယ်ဆေးကို ကမ္ဘောဒီးယားလူ ၂.၃သိန်းကျော် ထိုးနှံခဲ့

(GMT+08:00)2021-03-14 12:26:08  

  ယခုလ ၁၂ ရက်နေ့ ညပိုင်းအထိ ကမ္ဘောဒီးယားနိုင်ငံတွင် လူ ၂၃၅၇၀၀ သည် တရုတ်ပြည်မှ ထောက်ပံ့ပေးသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြ ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရမှ နောက်ဆုံးထုတ် စာရင်းအရ သိရသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

  ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အိုဗန်တင် က တရုတ်မိတ်ဆွေမှ ယင်းကဲ့သို့ အဖိုးတန်လက်ဆောင်များ ပံ့ပိုးပေးခြင်းအတွက် အလွန့်အလွန် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။