辛甜

တရုတ် “NPC နှင့် CPPCC” အစည်းအဝေးများသည် ကမ္ဘာအတွက် အရေးကြီး သြဇာညောင်းမှုရှိသည်ဟု ထိုင်းပညာရှင် ယူဆ

(GMT+08:00)2021-03-08 12:47:13  

တရုတ် “NPC နှင့် CPPCC” အစည်းအဝေးများသည် ကမ္ဘာအတွက် အရေးကြီး သြဇာညောင်းမှုရှိသည်ဟု ထိုင်းပညာရှင် ယူဆ_fororder_0308-1

တရုတ် “NPC နှင့်CPPCC”အစည်းအဝေးများ ကျင်းပနေဆဲဖြစ်ပါသည်။ ထိုင်း နာမည်ကျော် တရုတ်ရေးရာသုံးသပ်သူပညာရှင်၊ ထိုင်း နိုင်ငံတော် ဥပဒေနှင့် နိုင်ငံရေးပညာ တက္ကသိုလ် စီးပွားရေး ပညာ ဌာန ဒုပါမေက္ခ ဒေါက်တာAKSORNSRIသည် တရုတ် “NPC နှင့် CPPCC”အစည်းအဝေးများကို နှစ်ပေါင်းများစွာ ဆက်တိုက် အာရုံစိုက်ခဲ့ပါသည်။ ၎င်းက တရုတ် “NPC နှင့် CPPCC”အစည်းအဝေးများသည် ကမ္ဘာအတွက် တရုတ်နိုင်ငံ အကြောင်းကို ဘက်စုံသိရှိနားလည်နိုင်သော အရေးကြီး ပြတင်းပေါက်ဖြစ်ကြောင်း၊ မိမိအနေနှင့် ယင်းအစည်းအဝေးများမှ ထုတ်ပြန်သော တရုတ်စီးပွားရေးနှင့် သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများကို အလွန်အာရုံစိုက်ကြောင်း China Media Groupမှ သတင်းထောက်အား ပြောကြားခဲ့ပါသည်။