马宁

တရုတ်ကာကွယ်ဆေးသည် ဖိလစ်ပိုင် ကူးစက်ရောဂါအခြေအနေထိန်းချုပ်ရေးအတွက် တွန်းအားပေး နိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2021-03-02 11:17:13  

  တရုတ်နိုင်ငံက ဖိလစ်ပိုင်ကို ထောက်ပံ့ကူညီသော ကိုဗစ်-၁၉ကာကွယ်ဆေးသည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က မနီလာမြို့သို့ ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ကာကွယ်ဆေးသည် ဖိလစ်ပိုင်ကူးစက်ရောဂါအခြေအနေထိန်းချုပ်ရေး၊ စီးပွားရေး နာလန်ပြန်ထူရေး၊ ပြည်သူများ၏ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ရေးတို့အတွက် တွန်းအားပေး နိုင်ရန် မျှော်လင့်ကြောင်း မတ်လ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါသည်။

  ယခုတလော တရုတ်နိုင်ငံက ကိုဗစ်-၁၉ကာကွယ်ဆေးသည် နိုင်ငံများစွာသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိပြီး သက်ဆိုင်ရာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အကျိုးဆောင်ခဲ့သည်။