洪荃诠

《ဆင်းရဲမှုပပျောက်ရေး》--စတုတ္ထတွဲ အကျဉ်းချုပ်

(GMT+08:00)2021-02-23 09:40:53  

ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံရှိ ပြည်သူသန်း ၁၄၀၀ တို့ လက်တွဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်းဒေသရှိ ပြည်နယ် ၉ပြည်နယ်မှ မြို့၁၄မြို့တို့သည် အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသရှိ ပြည်နယ်နဲ့မြို့ ၁၄ခုကို ကူညီထောက်ပံပေးခဲ့ပါတယ်။ တရုတ်ဗဟိုအစိုးရလုပ်ငန်းဌာန ၃၀၇ ခုတို့သည် ဆင်းရဲတဲ့ခရိုင် ၅၉၂ခုကို ဆင်းရဲမှုပပျောက်အောင် ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။ တရုတ်တပ်မတော် တစ်ရပ်လုံး အခြေစိုက်ဒေသအနီးအနားရှိ ဆင်းရဲတဲ့ ရွာ ၄၁၀၀ ကိုကူညီမှု ပေးပါတယ်။ ဗဟိုအစိုးရနဲ့ နိုင်ငံတော်ပိုင် လုပ်ငန်းများ၊ အရပ်ဘက် လုပ်ငန်းများသည် ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းမှာ ရဲရဲဝံ့ဝံ့ တာဝန်ယူ ဆောင်ရွက်ပြီး တစ်ပြည်လုံးရှိ ပြည်သူပြည်သားများကလည်း ဆင်းရဲမှုပပျောက်အောင် တက်ကြွစွာ ကူညီ ပါဝင်ကြပါတယ်။