邹立莹

နဝမအကြိမ်မြောက် လာအို ပြည်သူ့ ကွန်ဂရက် ရွေးကောက်ပွဲ ကျင်းပ

(GMT+08:00)2021-02-22 13:19:39  

လာအို နိုင်ငံတွင် နဝမအကြိမ်မြောက် ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်များနှင့် ဒုတိယ အကြိမ် ပြည်နယ်အဆင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်ရန်အတွက် ယခုလ ၂၁ရက်နေ့တွင် တစ်ပြည်လုံး၌ ဆန္ဒမဲပေးခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

လာအို ကွန်ဂရက်သည် နိုင်ငံတော် အဆင့်အမြင့်ဆုံး အာဏာပိုင်အဖွဲ့နှင့် ဥပဒေပြုရေး အဖွဲ့ ဖြစ်ပြီး တာဝန်သက်တမ်း တစ်ကြိမ်မှာ ၅နှစ် ဖြစ်ကြောင်း သိရသည်။