张晓宁

ကိုဗစ်၁၉ အရင်းအမြစ် လိုက်ရှာခြင်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရေး သမားများ၏ မှားယွင်းသော ပြောဆိုချက်များကို တရုတ် ပြန်ချေပ

(GMT+08:00)2021-02-16 16:54:12  

    မကြာခင်က အမေရိကန် Newsweek၏ ဝက်ဘ်ဆိုက်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ပွန်ပီအိုသည် တရုတ်ပြည် ဝူဟန့်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များက ရရှိခဲ့သော ကိုဗစ်၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာရေးနှင့် သုတေသနပြုရေး အောင်ကျိုးရလဒ်များကို အသိအမှတ်ပြုရန် လုံးဝ ငြင်းပယ်လိုက်ကြောင်း၊ ၄င်းက ကိုဗစ်၁၉ ဗိုင်းရပ်စ်သည် ဝူဟန့်ရှိ စမ်းသပ်ခန်းမှ လာခြင်း ဖြစ်သည်ဟု မိမိယူဆကြောင်း၊ ၄င်းသဘောထားကို ပြောင်းလဲခြင်း မရှိကြောင်း ပြောကြားသည်ဟု ရေးသားဖော်ပြသည်။

ကိုဗစ်၁၉ အရင်းအမြစ် လိုက်ရှာခြင်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရေး သမားများ၏ မှားယွင်းသော ပြောဆိုချက်များကို တရုတ် ပြန်ချေပ_fororder_微信图片_20210216165203

ထို့အပြင်၊ ယခုလ ၉ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပရိုက်စ်က ကိုဗစ်၁၉ ဗိုင်းရပ်စ်သည် တရုတ်ပြည်မှလွဲ၍ အခြား ဒေသများမှ လာသည်ဟု မည်သည့် ဥာဏ်ကောင်းသူမှ ထင်မြင်ယူဆမည် မဟုတ်ကြောင်း ပြောကြားသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုအကြိမ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ပညာရှင်များ၏ တရုတ်ပြည်သို့ လာရောက်ပြီး ကိုဗစ်၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်းနှင့် သုတေသနပြုခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်း အပေါ် တရုတ် အစိုးရသည် အင်တိုက်အားတိုက် ကူညီပံ့ပိုးအားပေးထောက်ခံခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ ပညာရှင်များသည် ယင်းအပေါ် ချီးကျူးကြကြောင်း၊ အမေရိကန် နိုင်ငံ အနေနှင့် တရုတ်ပြည်နှင့် အလားတူပင် ပွင့်လင်းမှု သဘောထားကို စွဲကိုင်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ပညာရှင်များကို အမေရိကန်သို့ လာရောက်ကာ ကိုဗစ်၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်းနှင့် သုတေသနပြုခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် ဖိတ်ခေါ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။