邹立莹

ပြည်သူများအနေနှင့် တိုင်းပြည်တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရန် မြန်မာစစ်ဖက် ပန်ကြား

(GMT+08:00)2021-02-09 10:34:00  

     မြန်မာစစ်ဖက်သည် ယခုလ ၈ ရက်နေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ပြည်သူများအနေနှင့် တိုင်းပြည် တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ထိုကြေညာချက်တွင် ပြည်သူများသည် လွတ်လပ်သောပြောဆိုပိုင်ခွင့်နှင့် လုပ်ဆောင် ပိုင်ခွင့်ရှိပြီး၊ မတူခြားနားသော ထင်မြင်ယူဆချက်များရှိနိုင်ကြောင်း၊ သို့သော် တိုင်းပြည် တည်ငြိမ်မှု၊ အများပြည်သူလုံခြုံမှုနှင့် တရားဥပဒေအုပ်ချုပ်မှုအပေါ် ထိခိုက်စေသော လုပ်ရပ်မှန်သမျှကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖေါ်ပြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအလွဲသုံးစားပြုခြင်း၊ သူတစ်ပါးအခွင့်အရေး ကျူးကျော်ထိပါးခြင်းစသည့်လုပ်ရပ်မျိုးဖြစ်ပေါ်လာပြီး၊ ပြည်သူများ အနေနှင့် တရားဥပဒေ ဖောက်ဖျက်သည့် လုပ်ရပ်များအား ဟန့်တားကြပါရန် စစ်ဖက်က ပန်ကြားခဲ့သည်ဟု သတင်းအရ သိရသည်။