洪荃诠

တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ကာကွယ်ဆေး လာအိုနိုင်ငံသို့ ရောက်ရှိ

(GMT+08:00)2021-02-08 16:11:27  

တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ကာကွယ်ဆေး လာအိုနိုင်ငံသို့ ရောက်ရှိ_fororder_a1ec08fa513d26975805d93d1c47b6f34116d8c4

ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၈ရက်နေ့ နံနက်လင်းအားကြီး အချိန်တွင် တရုတ်အစိုးရမှ လာအိုနိုင်ငံအား လှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာအိုနိုင်ငံ ဗီယင်ကျန်း ဝါတေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရောက် ပို့ဆောင် ခဲ့ကြောင်း၊ လာအိုနိုင်ငံသည် တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကာကွယ်ဆေးကို ပထမဆုံးအဖြစ် လက်ခံရရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ လာအိုကျန်းမာရေးဝန်ကြီးနှင့် လာအိုနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးတို့သည် လေဆိပ်သို့ သွားရောက် ဆီးကြိုခဲ့ကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ကာကွယ်ဆေး လာအိုနိုင်ငံသို့ ရောက်ရှိ_fororder_ae51f3deb48f8c5436d70867cfbe29fde1fe7f96

လာအိုကျန်းမာရေးဝန်ကြီး Bounkong Syhavongသည် လာအိုအစိုးရကိုယ်စား တရုတ်အစိုးရနှင့်ပြည်သူများမှ လာအိုကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးကို အားသွန်ခွန်စိုက် ထောက်ခံမှုကို ကျေးဇူးတင်ရှိပါသည်။ ၎င်းက ယခုအကြိမ် ထောက်ပံ့ကူညီမှုသည် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ “စိတ်ဓါတ်ကောင်း ၄ရပ်” နှင့် လာအို-တရုတ် ကံကြမ္မာအသိုက်အဝန်းတို့ကို ပေါ်လွင်စေသည်ဟု ပြောကြားပါသည်။

တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ကာကွယ်ဆေး လာအိုနိုင်ငံသို့ ရောက်ရှိ_fororder_e4dde71190ef76c616d314c26181f9f2ae516772