洪荃诠

ဒါဗို့စ်ဆွေးနွေးပွဲ၌ ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်သည် အရေးကြီး အဓိပ္ပါယ်ရှိဟု သက်ဆိုင်ရာ ပညာရှင်များဆို

(GMT+08:00)2021-01-26 13:10:30  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၅ ရက်နေ့က ပီကင်းတွင် ဗီဒီယိုအသွင်ပုံစံဖြင့် ကမ္ဘာ့စီးပွားရေးဖိုရမ် ဒါဗို့စ်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး (ဘက်ပေါင်းစုံဝါဒ မီးရှူးတိုင်ဖြင့် လူသားတစ်ရပ်လုံး၏ ရှေ့ရှုလမ်းကြောင်းတွင် လင်းရောင်ခြည် ပေးကြစို့) ခေါင်းစဉ်ဖြင့် အထူးမိန့်ခွန်းပြောကြားခဲ့သည်။ သက်ဆိုင်ရာ နိုင်ငံတကာရေးရာပညာရှင်များက ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်သည် ခေတ်ကာလရေးရာကိစ္စရပ်ကို အဓိကထား ရှင်းလင်းဖေါ်ပြပြီး ကိုဗစ်-၁၉ အလွန် ကာလတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဦးဆောင်ပေးရန်နှင့် ကမ္ဘာ့စီမံခန့်ခွဲမှု ပြီးပြည့်စုံစေရန်အတွက် အရေးကြီးအဓိပ္ပါယ်ပါရှိပြီး၊ တရုတ်ပြည်၏ တာဝန် ယူတတ်ခြင်း ကို ပြသလျက်ရှိကြောင်း မှတ်ယူကြသည်ဟု China Media Group မှ သတင်းအရ သိရသည်။