တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဒီလ ၂၅ ရက်နေ့ည ပီကင်းမှာ ဗီဒီယို အသွင်ပုံစံနဲ့ ကမ္ဘာ့စီးပွါးရေးဖိုရမ် ဒါဗို့စ် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။
ရှီကျင့်ဖိန်က ကမ္ဘာပေါ်မှာ လုံးဝတူတဲ့ သစ်ရွက် နှစ်ရွက် မရှိသလို လုံးဝတူတဲ့ သမိုင်း ယဉ်ကျေးမှုနဲ့ လူမှုရေးစနစ်လည်း မရှိဘူး။ နိုင်ငံအသီးသီးတို့ရဲ့ သမိုင်း ယဉ်ကျေးမှုနဲ့ လူမှုရေးစနစ်ဟာ ကိုယ့်အားသာချက်ကိုယ်စီ ရှိပြီး၊ မြင့်တာ နိမ့်တာ၊ ကောင်းတာ ညံ့တာ ဆိုတာ မရှိဘဲ သော့ချက်ကတော့ ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီခြင်း ရှိမရှိ၊ ပြည်သူများရဲ့ ထောက်ခံမှု ရရှိနိုင်မနိုင်၊ နိုင်ငံရေး တည်ငြိမ်မှု၊ လူမှုရေး တိုးတက်မှု၊ ပြည်သူလူထုများရဲ့ နေထိုင်မှုဘဝ တိုးတက်မှု၊ လူသား ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အကျိုး ပြုမှု ရှိမရှိ ဆိုတာပဲ ရှိတယ်လို့ ပြောကြားပါတယ်။