张晓宁

ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အင်ဒိုနီးရှား ကိုဗစ်-၁၉ ကပ်ရောဂါ ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကအချက်ဖြစ်လာ

(GMT+08:00)2021-01-19 16:35:03  

ယခုလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် အင်ဒိုနီးရှားသမ္မတဂျိုကိုသည် အင်ဒိုနီးရှား ပြည်တွင်းတွင် ကိုဗစ်၁၉ကပ်ရောဂါ ကာကွယ်ဆေးကို ပထမဦးဆုံး ဆေးထိုးသူအနေနှင့် တရုတ်Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော ကိုဗစ်၁၉ကပ်ရောဂါကာကွယ်ဆေးထိုးခဲ့သည်။

၁၄ရက်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ရှိ စီပိုတိုဆေးရုံတွင် အင်ဒိုနီးရှားကျန်းမာရေးဒုဝန်ကြီး တန်တယ်·ဆာခ်ဆိုနိုနှင့် ဆယ်နှင့်ချီသော ဆေးဝန်ထမ်း များသည် Sinovac ကာကွယ်ဆေးထိုးခံခဲ့ကြကြောင်း၊ ထိုနေ့မှစ၍ အင်ဒိုနီးရှားတွင် ပြည်သူအားလုံးအတွက် အခမဲ့ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။