张晓宁

တရုတ်မြန်မာဆက်ဆံရေးသည် ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးခေတ်သစ်သို့ ဝင်ရောက်ပြီဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဆို

(GMT+08:00)2021-01-19 16:34:36  

လွန်ခဲ့သည့်နှစ် ဇန်နဝါရီလ ၁၈ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံသို့ တရားဝင်ခရီးလှည့်လည်ခဲ့ပြီး တရုတ်နှင့်မြန်မာ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးခေတ်သစ်ကို ဖွင့်လှစ်ခဲ့ပါသည်။ မကြာခင်က တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက် ခဲ့ပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်၏ မြန်မာခရီးစဉ်အောင်ကျိုးရလဒ်ကို အကောင်အထည်ဖော်ဆော်ရန် မြန်မာနိုင်ငံခေါင်းဆောင်များနှင့် နက်ရှိုင်းစွာ ဆွေးနွေးကြပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ ကူးလူးဖလှယ်ခဲ့ကြ ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးချမ်းဟိုင်က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိ၏ ခရီးစဉ်သည် အောင်ကျိုးရလဒ်များစွာရရှိခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေး သည် ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးခေတ်သစ်သို့ ဝင်ရောက်ပြီဟုChina Media Group မှ သတင်းထောက်၏ အင်တာဗျူးကိုလက်ခံရာတွင် ပြောကြားခဲ့ပါသည်။

ချမ်းဟိုင်က ဥက္ကဋ္ဌ ရှီကျင်ဖိန်၏ ၂၀၂၀ပြည့်နှစ်မြန်မာနိုင်ငံသို့ ခရီးစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ခြင်း တွန်းအားပေးရေးနှင့်ပတ်သက်၍ အောင်ကျိုးရလဒ်နှင့် သဘောတူညီမှု များစွာရရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်တွင် အောင်ကျိုးရလဒ်အသီးသီးကို အကောင်အထည်ဖော်ရာတွင် အဆင့်ကာလအရ တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် တရုတ်မြန်မာနှစ်ဦးနှစ်ဖက်တို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေး အပေါ် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ချမ်းဟိုင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် တက်ကြွစွာ ကူညီထောက်ခံမှု ပေးမည်ဟု ပြောကြားခဲ့ပါသည်။