马宁

ရှီကျင့်ဖိန်သည် ဗီယက်နမ် ဥက္ကဋ္ဌထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2021-01-18 13:33:20  

  တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၇၁ နှစ် ပြည့်မြောက် ခြင်းအတွက် ယခုလ ၁၈ ရက်နေ့တွင် ဗီယက်နမ် ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ Nguyen PhuTrongထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

  ရှီကျင့်ဖိန်က ယမန်နှစ်တွင် တရုတ်-ဗီယက်နမ်ဆက်ဆံမှုသည် ဆက်တိုက် တိုးတက် ကောင်းမွန်လာခဲ့ကြောင်း၊ ကိုဗစ်-၁၉နှင့်ရင်ဆိုင်ရာ၌ နှစ်နိုင်ငံတို့လက်တွဲပြီး ရောဂါခုခံ တိုက်ဖျက်ရေး အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ကြသည့်အပြင်၊ တရုတ်-ဗီယက်နမ် သံအဆက်အသွယ် ထားရှိခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းအထိမ်းအမှတ် လှုပ်ရှားမှု များကို စနစ်တကျဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း မိတ်ဖက်ဆက်ဆံမှုသည် ပြည်သူလူထုကြားသို့ တစ်နေ့တခြား ဝင်ဆံ့လျက်ရှိကြောင်း ထိုသဝဏ်လွှာတွင် ဖော်ပြသည်ဟု သတင်းအရသိရသည်။