马宁

ရှီကျင့်ဖိန်သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး အဖြစ် အရွေးခံရခြင်း အတွက် Thongloun Sisoulith ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2021-01-16 13:39:31  

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၅ ရက်နေ့က လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး အဖြစ် အရွေးခံရခြင်း အတွက် Thongloun Sisoulith ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

  ယင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအနေဖြင့် ကျွန်တော်သည် ခင်ဗျားကို ဂုဏ်ပြုကြောင်း၊ ခင်ဗျားမှတင်ဆင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်သစ်များကို ဂုဏ်ပြုကြောင်း၊ ဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။