马宁

အင်ဒိုသမ္မတ တရုတ်ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းသည် တရုတ်ထုတ် ကာကွယ်ဆေးကို ယုံကြည်မှုကို ဖော်ပြသည်ဟု အင်ဒိုမီဒီယာ ဆို

(GMT+08:00)2021-01-16 13:44:26  

  ဇန်နဝါရီလ ၁၃ရက်နေ့မှစ၍ အင်ဒိုနီးရှားတစ်နိုင်ငံလုံး၌ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရေးလှုပ်ရှားမှုကို စတင်ဆောင်ရွက်လာခဲ့ပြီး သမ္မတ ဂျိုကို ဗီဒိုဒိုသည် ပထမဆုံးသော ထိုးနှံခံရသူဖြစ်လာကြောင်း၊ ယင်းကာကွယ်ဆေးကို တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ဖော်ထုတ်သည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှား သာသနာရေးလောက၊ ကုန်သွယ်ရေးလောက နှင့် ကျန်းမာရေးဌာနမှကိုယ်စားလှယ်တို့သည် ၄င်းကာကွယ်ဆေး ထိုးနှံခြင်းကို ကြည့်ရှုခဲ့ကြကြောင်း၊ အင်ဒိုနီးရှားမီဒီယာများသည် ထိုးနှံခြင်းကို တောက်လျှောက် Live ထုတ်လွှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

  ဂျိုကို ဗီဒိုဒိုသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးကို လူသိရှင်ကြား ထိုးနှံခံခဲ့သော နိုင်ငံတော်ခေါင်းဆောင်များအနက် သတ္တမဦးဖြစ်ကြောင်း၊ သို့သော် ဂျိုကို ဗီဒိုဒို တစ်ဦးတည်းသာ တရုတ်ထုတ်ကာကွယ်ဆေးကို ထိုးနှံခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်ကာကွယ်ဆေးအပေါ် ယုံကြည်မှုကိုဖော်ပြသည်ဟု ဆိုနိုင်ကြောင်း၊ အင်ဒိုနီးရှား “Kompas”သတင်းစာမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။