邹立莹

တရုတ်-မလေးရှားကုမ္ပဏီများ ကိုဗစ်-၁၉ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သစ် ချုပ်ဆို

(GMT+08:00)2021-01-14 14:21:20  

ယခုလ ၁၂ ရက်နေ့တွင် မလေးရှားနိုင်ငံတော်ပိုင် ဆေးဝါးကုမ္ပဏီ Pharmaniagaသည် တရုတ်ဆေးဝါးကုမ္ပဏီSinovac နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သစ်ကို ချုပ်ဆိုခဲ့သည်။ ယင်းသဘောတူစာချုပ်အရ Sinovac ကုမ္ပဏီသည် မလေးရှားနိုင်ငံအား တစ်ဝက်အချောကိုင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးရေ ၁၄ သန်းကို တစ်သုတ်ပြီးတစ်သုတ် ပို့ဆောင် ပြီးနောက် Pharmaniagaကုမ္ပဏီနှင့် ပူးပေါင်းကာ မလေးရှားနိုင်ငံ၌ ကာကွယ်ဆေး ထုတ်လုပ်မှု အပြီးသတ် ဆက်လက် ဆောင်ရွက်မည်ဟု China Media Groupမှသတင်းအရ သိရပါသည်။