辛甜

ထိုင်း-တရုတ် ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေး အသင်းက ပွန်ပေအိုအား ပြစ်တင်ရှုတ်ချ

(GMT+08:00)2021-01-13 13:00:22  

မကြာမီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌါန၏ အချိန်ကြာမြင့်စွာ ကျင့်သုံးခဲ့ပြီ ဖြစ်သော အမေရိကန်နှင့် ထိုင်ဝမ် ဆက်ဆံမှု ကန့်သတ်ချက်ကို ဖျက်သိမ်းသည်ဟု ကြေညာခဲ့ပါသည်။ ယင်းမတိုင်မီက ၄င်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် ကယ်လီ က်လာဖ်ကို ထိုင်ဝမ်သို့ ခရီးလှည့်လည်ရန် စေလွှတ်မည်ဟုလည်း ကြေညာခဲ့သည်။ ပွန်ပေအို၏ အဆိုပါ လုပ်ရပ်များနှင့်ပတ်သက်၍ ထိုင်း-တရုတ် ငြိမ်းချမ်းစွာ  တစ်ပေါင်း တစ်စည်းတည်းဖြစ်ရေး အသင်းက ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ ပွန်ပေအို၏ ရူးမိုက်သောလုပ်ရပ်များသည် ထိုင်ဝမ် ရေလက်ကြားနှစ်ဖက်ကမ်း ငြိမ်းချမ်းရေးနှင့် တရုတ်-အမေရိကန် ဆက်ဆံမှုကို ဖျက်ဆီးခြင်း ဖြစ်သဖြင့် ပြစ်တင်ရှုတ်ချသည်ဟု ဖေါ်ပြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။