辛甜

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်SINOVACမှ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေး

(GMT+08:00)2021-01-13 09:55:45  
အင်ဒိုနီးရှား ဆေးဝါး နှင့် အစားအစာ ကြီးကြပ်စီမံခန့်ခွဲရေးဦးစီးဌါနသည် တရုတ်နိုင်ငံ SINOVACကုမ္ပဏီမှ CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် ပေးသည်ဟု ယခုလ ၁၁ ရက်နေ့က ကြေညာခဲ့သည်။
အင်ဒိုနီးရှား ဆေးဝါးနှင့် အစားအစာ ကြီးကြပ်စီမံခန့်ခွဲရေးဦးစီးဌါန ညွှန်ကြားရေးမှူးချုပ် Penny Lukito က ထိုနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းကာကွယ်ဆေးသည် အင်ဒိုနီးရှားနိုင်ငံ၌ တတိယအဆင့်ကာလ စမ်းသပ်ကုသမှုကို ဆောင်ရွက်ပြီး ဖြစ်၍ အာနိသင် အကျိုးသက်ရောက်မှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ် ထားသည့် ၅၀ ရာခိုင်နှုန်းထက် မြင့်သည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။