ဖိလစ်ပိုင် အစားအစာနှင့်ဆေးဝါး ကြီးကြပ်ရေး ဗျူရိုသည် မည်သည့် ကိုဗစ်-၁၉ကာကွယ်ဆေးကို မဆို ခွင့်ပြုခြင်း မရှိသေးသော်လည်း ဒူတာတေးကို ကာကွယ်စောင့်ရှောက်သော သမ္မတလုံခြုံရေးအဖွဲ့ဝင်တစ်ချို့သည်မူ တရုတ် Sinopharm ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီဖြစ်ကြောင်း ပြင်သစ်သတင်းဌာနက ရေးသားဖော်ပြပါသည်။
ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Harry Roque က အနောက်တိုင်းနိုင်ငံများ သည် မိမိတို့အား ကာကွယ်ဆေး မပေးနိုင်ပါက မိမိတို့၏မိတ်ဆွေနှင့် အိမ်နီးချင်း ဖြစ်သည့် တရုတ်နိုင်ငံသည် မိမိတို့အား ကာကွယ်ဆေးပေးလိုကြောင်း ပြောကြားခဲ့ပါသည်။