洪荃诠

China Media Group သည် ၂၀၂၀ ပြည့်နှစ် ရှေးဟောင်း သုတေသနပြုရေးဆိုင်ရာ နိုင်ငံတကာ သတင်း ၁၀ ခု ကို ထုတ်ပြန်

(GMT+08:00)2020-12-30 14:29:03  

၁။ ဗြိတိန်နှင့် ကိုလမ်ဘီယာ ပူးတွဲ ရှေးဟောင်းသုတေသနအဖွဲ့သည် ကိုလမ်ဘီယာ အာမာဇွန် မိုးများသစ်တောထဲတွင် လွန်ခဲ့သည့်နှစ် ၁၂၀၀၀ တုန်းက လေးကီလိုမီတာ ရှည်လျားသည့် ကျောက်လိုဏ်ဂူ ပန်းချီကို တွေ့ရှိခဲ့သည်။
၂။ ရှေးဟောင်း သုတေသနပညာရှင်များက ဗြိတိန် Stonehenge အနီး၌ လွန်ခဲ့သည့် နှစ် ၄၅၀၀ တုန်းက အကြီးစား တိုင်များ ချိုင့်မြေကို တွေ့ရှိပြီး ယင်းသည် သမိုင်းမတိုင်မီခေတ်က ဗြိတိန်၏ အကြီးဆုံး အဆောက်အဦ ဖြစ်သည်။
၃။ ရုရှားတွင် လွန်ခဲ့သည့်နှစ် ၂၅၀၀၀ တုန်းက ရှေးခေတ်အမွေးရှည် ဆင်ကောင်ရေ ၆၀၏ အရိုးဖြင့် ဆောက်လုပ်သည့် စက်ဝိုင်းပုံ အဆောက်အဦကို တွေ့ရှိခဲ့သည်။
၎။ အီဂျစ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ် ၂၅၀၀ တုန်းက ရောင်စုံပန်းချီဆွဲ သစ်သားခေါင်း ၁၀၀ ကျော်ကို တူးဖေါ် တွေ့ရှိခဲ့သည်။
၅။ ရှေးဟောင်း သုတေသနပညာရှင်များက ရေဆာ ရေဒါ လေယာဉ်မှ တိုင်းတာရေး နည်းပညာဖြင့် မက္ကဆီကို၌ အကြီးဆုံးနှင့် ရှေးခေတ်အကျဆုံးသော မာယာ အဆောက်အဦ များကို တွေ့ရှိခဲ့သည်။
၆။ ရှေးဟောင်း သုတေသနပညာရှင်များက ပြင်သစ်၌ လွန်ခဲ့သည့်နှစ် ၅ သောင်းတုန်းက သဘာဝချည်မျှင်ဖြင့် ပြုလုပ်သည့်ကြိုးကို တွေ့ရှိခဲ့သည်။ လွန်ခဲ့သည့်နှစ် ၅ သောင်း တုန်းက နီအန်ဒါသာ လူမျိုးသည် ကြိုးလုပ်နည်း တတ်ကျွမ်းခဲ့ပြီဟု ပြဆိုသည်။
၇။ ပီရူးနိုင်ငံ အန်ဒီစ်တောင်တန်း၌ လွန်ခဲ့သည့်နှစ် ၉၀၀၀ တုန်းက အမျိုးသမီးအုတ်ဂူကို တွေ့ရှိခဲ့သည်။ အုတ်ဂူထဲရှိ တောလိုက်ကိရိယာများသည် ယင်းအချိန်တုန်းက အမျိုးသမီးများလည်း တောလိုက်သည်ဟု ပြသပါသည်။
၈။ သိပံ္ပပညာရှင်များသည် DNA နည်းပညာဖြင့် တောင်အမေရိက ပြည်ရင်းသားများသည် ဥရောပသားများထက် နှစ် ၃၀၀ စောပြီး တောင်ပစိဖိတ်ကျွန်းများသို့ ရောက်ရှိခဲ့သည်ဟု သက်သေထူပြသည်။
၉။ သြစတြေးလျ အနောက်မြောက် ပင်လယ်ကြမ်းပြင်တွင် လွန်ခဲ့သည့်နှစ် ၇၀၀၀-၈၅၀၀ တုန်းက ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို တွေ့ရှိခဲ့သည်။
၁၀။ ပီရူး နာစကာ မြေရိုင်း၌ လွန်ခဲ့သည့်နှစ် ၂၀၀၀ တုန်းက အကြီးစား ကြောင်ပုံ မြေပြင်ပန်းချီကို တွေ့ရှိခဲ့သည်။ ပန်းချီနှင့် ပတ်သက်ပြီး မသိရသေးသည့်အကြောင်းအရာများ ရှိသေးသည်။