辛甜

China Media Group သည် ၂၀၂၀ ပြည့်နှစ် သိပံ္ပနည်းပညာဆိုင်ရာ ပြည်တွင်းသတင်း ၁၀ ခု၊ နိုင်ငံတကာ သတင်း ၁၀ ခု ကို ထုတ်ပြန်

(GMT+08:00)2020-12-29 10:13:45  

China Media Group သည် ၂၀၂၀ ပြည့်နှစ် သိပံ္ပနည်းပညာဆိုင်ရာ ပြည်တွင်းသတင်း ၁၀ ခု၊ နိုင်ငံတကာ သတင်း ၁၀ ခုကို ထုတ်ပြန်ခဲ့ပါသည်။

ပြည်တွင်း သိပံ္ပနည်းပညာ သတင်း ၁၀ ခုမှာ-

၁။ တရုတ်ပြည် ပေတို ဂြိုဟ်တုလမ်းပြစနစ် ဘက်စုံ တည်ဆောက် ပြီးစီးခဲ့ခြင်း။

၂။ တရုတ် ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ် ထျန်ဝင့်-၁ ကို အောင်မြင်စွာ လွှတ်တင် ခဲ့ခြင်း။

၃။ တရုတ် သိပံ္ပပညာတံခွန်အသင်းကြီး ရှေးဟောင်း ကျောရိုးရှိ တိရစ္ဆာန်နှင့် ရှေးဟောင်း လူသား သုတေသနအဖွဲ့သည် DNA နည်းပညာဖြင့် သမိုင်းမတိုင်မီက လူသားများ ရွှေ့ပြောင်းနေထိုင်ရေးနှင့် လူမျိုး အရင်းအမြစ် နယ်ပယ်တွင် အရေးကြီး အောင်ကျိုးရလဒ် ရရှိခဲ့ခြင်း။

၎။ ချန်အာ-၅ လကမ္ဘာစူးစမ်းရေးယာဉ်သည် လကမ္ဘာမြေဆီလွှာ နမူနာကို သိမ်းဆည်းပြီး ကမ္ဘာမြေသို့ ချောမောအောင်မြင်စွာ ပြန်လာခဲ့ခြင်း။

၅။ ပင်လယ်ရေနက် ရေငုပ်ယာဉ် ဖင့်တိုကြေသည် ပင်လယ်ရေအောက် အနက် ၁၀၉၀၉ မီတာကျော် အထိ အောင်မြင်စွာ ရေငုပ်နိုင်ခဲ့ခြင်း။

၆။ တရုတ် သုတေသနအဖွဲ့သည် ကွမ်တမ် ကွန်ပျူတာ ကျိုကျမ်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်း။

၇။ တရုတ် သိပံ္ပပညာတံခွန်အသင်းကြီး တိရစ္ဆာန် သုတေသနအဖွဲ့သည် ကျိုင်းကောင် စုစည်းခြင်း သတင်းအချက်အလက်နှင့် ပတ်သက်သည့် ဓါတ်ဆဲလ် တစ်မျိုးကို တွေ့ရှိပြီး ကျိုင်းကောင် စုစည်းမှုအန္တရာယ် ဖြစ်စေသည့် အကြောင်းရင်းကို ဖေါ်ထုတ်နိုင်ခဲ့ခြင်း။

၈။ တရုတ် ဟွာလုံ-၁ ကမ္ဘာ့ပထမဦးဆုံး လျှပ်စစ်ဓါတ်အားပေး ဓါတ်ပေါင်းဖို အမှတ်(၅) စက်ရုံသည် လျှပ်စစ်ဓါတ်အားကွန်ရက် ဝင်ပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်ခဲ့ခြင်း။

၉။ တရုတ်  Kylin V10 တွင် အရေးကြီး ထိုးဖောက် တိုးတက်မှု ရရှိခဲ့ခြင်း။

၁၀။ တရုတ် တိုင်းတာရေးအဖွဲ့သည် နည်းပညာသစ်ဖြင့် ကမ္ဘာလုံး အမြင့်ဆုံးနေရာမှာ ၈၈၄၈့၄၆ မီတာ ဖြစ်ခြင်းကို တိကျမှန်ကန်စွာ တိုင်းတာ ချမှတ်ခဲ့ခြင်း။

 

နိုင်ငံတကာ သိပံ္ပနည်းပညာ သတင်း ၁၀ ခုမှာ

၁။ နိုင်ငံများစွာမှ သုတေသနအဖွဲ့များ ကိုဗစ်-၁၉ ကာကွယ်ရေးကို အရေးပေါ် ဖေါ်ထုတ် ခဲ့ခြင်း။

၂။ ပြည်တွင်းပြည်ပ သိပံ္ပပညာ သုတေသနအဖွဲ့များသည် NRAO ဂြိုဟ်သည် မြန်နှုန်းမြင့် Radio Burst၏ အရင်းအမြစ် တစ်ရပ် ဖြစ်သည်ဟု ပထမဆုံးအကြိမ် သက်သေထူပြခဲ့ခြင်း။

၃။ အမေရိကန် သုတေသနအဖွဲ့သည် ပထမဆုံးအကြိမ် Room temperature superconductivity ဖေါ်ဆောင်နိုင်ခဲ့ခြင်း။

၎။ တရုတ်ပြည် ချန်အာ-၅ လကမ္ဘာစူးစမ်းရေးယာဉ်သည် လကမ္ဘာမြေဆီလွှာ နမူနာကို သိမ်းဆည်းပြီး ကမ္ဘာမြေသို့ ချောမောအောင်မြင်စွာ ပြန်လာခဲ့ခြင်း။

၅။ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ ရာသီဥတု သုတေသန စီမံကိန်းအဖွဲ့သည် ရာသီဥတု sensitive area ကို ၂့ ၆ စင်တီဂရိတ် မှ ၂့ ၉ စင်တီဂရိတ် ကြားတွင် ချမှတ်ပြီး ၂၀၆၀ ပြည့်နှစ်တွင် ယင်း sensitive area သို့ ရောက်နိုင်မည်ဟု ခန့်မှန်းကာ ရာသီဥတု ပူနွေးလာနိုင်ခြင်း သတိပေးခေါင်းလောင်းကို ထပ်တစ်ကြိမ်ထိုးခဲ့ခြင်း။

၆။ အာရပ်စော်ဘွားများနိုင်ငံမှ “မျှော်လင့်ချက်”၊ တရုတ်နိုင်ငံမှ “ထျန်ဝင့်-၁”၊ အမေရိကန်မှ “ဇွဲသတ္တိ” အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ် သုံးစင်းကို ရှေ့ဆင့်နောက်ဆင့် လွှတ်တင်ခဲ့ခြင်း။

၇။ အမေရိကန် အာကာသ စူးစမ်းလေ့လာရေးနည်းပညာ ကုမ္ပဏီသည် ပထမဆုံးအကြိမ် စီးပွါးဖြစ် လူပါအာကာသပျံသန်းမှု ဆောင်ရွက်ခဲ့ခြင်း။

၈။ တရုတ် သိပံ္ပပညာ သုတေသနအဖွဲ့သည် gene editing နည်းပညာဖြင့် ပထမဆုံးအကြိမ်အဖြစ် မျိုးရိုးအလိုက်ဖြစ်သည့် သွေးရောဂါကို သက်သာအောင် ကုသခဲ့ခြင်း။

၉။ ဂျပန် စူးစမ်းလေ့လာရေးယဉ် “သိမ်းငှက်-၂”သည် ဂြိုဟ်သိမ်ပေါ်သို့ ဆင်းသက်ပြီး မြေဆီလွှာ နမူနာကို သိမ်းဆည်းပြီး ကမ္ဘာမြေသို့ ပြန်လာနေခြင်း။

၁၀။ တရုတ် သိပံ္ပပညာ သုတေသနအဖွဲ့သည် ပထမဦးဆုံး လူသား ဆဲလ် ပုံဖေါ် မှတ်တမ်းကို ပုံဆွဲခဲ့ခြင်း။