马宁
ရိုးရာအနုပညာနဲ့ အတော်အသင့်ချမ်းသာတဲ့ နေထိုင်မှုဘဝလမ်းကို ဖန်တီး
(GMT+08:00)2020-12-20 16:29:03  
  နက်ရှိုင်းတဲ့ သမိုင်းယဉ်ကျေးမှုအနှစ်သာရကို မှီခိုပြီး ဟိုပေပြည်နယ်၊ လောင်ဖောင်မြို့ နန်ဟန်ရွာဟာ ယွန်းထည်ပေါ်မှာ ရွှေရောင်နဲ့ စီခြယ်ထားတဲ့ ရိုးရာလက်ရာ အနုပညာဟာ ပိုမိုထွန်းလင်း တောက်ပ လာပါတယ်။ ဒေသခံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ဆက်ခံပြီး ထိန်းသိမ်းစောင့်ရှောက်တဲ့အပြင် ရိုးရာလက်ရာ အနုပညာဟာ ရွာသူရွာသားတွေအတွက် အတော်အသင့် ချမ်းသာတဲ့ နေထိုင်မှုဘဝ လမ်းပေါ်ကို တက်လှမ်းတဲ့နည်းလမ်း ဖြစ်လာပါတယ်။
  လက်ရှိအချိန်မှာ နန်ဟန်ရွာမှာ ယွန်းထည်ပေါ်မှာ ရွှေရောင်နဲ့ စီခြယ်ထားတာ အပါအဝင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အခု ၂၀ကျော်ရှိတယ်။ တစ်ရွာလုံးရှိ လုပ်ငန်းကုမ္ပဏီ ၇၀ကျော်မှာ ဝန်ထမ်း ၁၇၀၀ကျော်ရှိပြီး သူတို့ဟာ သက်ဆိုင်ရာလုပ်ငန်းကို လုပ်ဆောင်နေ ကြပါတယ်။ ပြည်နယ်အဆင့်၊ မြို့အဆင့်အနေနဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကို ဆက်ခံသူ ၂၁ဦးရှိတယ်။ အနုပညာလက်ရာ အမျိုးမျိုးကို ကျွမ်းကျင်တဲ့ လက်မှုပညာရှင်၂၀၀ကျော် ရှိပါတယ်။
  လာမဲ့အဆင့်ကာလမှာ နန်ဟန်ရွာဟာ ယဉ်ကျေးမှု ရှေးဟောင်း မြို့နယ်၊ ဟန့်မင်းဆက် သမိုင်း နဲ့ နန်းတော် အနုပညာစတဲ့ ယဉ်ကျေးမှုကို အားကိုးပြီး ရှေးဟောင်း ယဉ်ကျေးမှုလမ်း၊ တည်းခို ဆောင်တွေကို ပေါင်းစပ်တဲ့ နန်းတော်မြို့နယ် အပန်းဖြေခရီးသွား နေရာတစ်ခု ဖြစ်အောင် တည်ထောင်ဖန်တီးမှာ ဖြစ်ပါတယ်ရှင်။
ရိုးရာအနုပညာနဲ့ အတော်အသင့်ချမ်းသာတဲ့ နေထိုင်မှုဘဝလမ်းကို ဖန်တီး
  (Unicode)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  (Zawgyi)
  -----------------------------------