李悦
ယူနန်ပြည်နယ် ကျင့်ရွှံခရိုင် ဆင်းရဲမှု ပပျောက်ရေး လမ်းစဉ်
(GMT+08:00)2020-12-18 15:36:58  
ယူနန်ပြည်နယ် ကျင့်ရွှံခရိုင် ဆင်းရဲမှု ပပျောက်ရေး လမ်းစဉ်
(Unicode/Zawgyi)
【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
 ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
---------------------------------
#“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
# “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
Zawgyi:
-----------------------------------
----------------------------------
ယူနန်ပြည်နယ် ကျင့်ရွှံခရိုင် ဆင်းရဲမှု ပပျောက်ရေး လမ်းစဉ်
----------------------------------
တရုတ်ပြည် ယူနန်ပြည်နယ် ကျင့်ရွှံခရိုင်ဟာ Karst မြေအသွင်အပြင်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး နောက်ကျ အဆင်မပြေတဲ့အပြင် သဘာဝပတ်ဝန်းကျင် အခြေအနေလည်း အင်မတန် ဆိုးရွားတာကြောင့် နိုင်ငံတော်အဆင့် ဆင်းရဲမှု ပပျောက်ရေး အဓိက ဆောင်ရွက်တဲ့ ခရိုင် တစ်ခုဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က စပြီး တရုတ်ဗဟိုအစိုးရနဲ့ ယူနန်ပြည်နယ်အစိုးရတို့ဟာ သက်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ငွေ စုစုပေါင်း ယွမ် ၃၁့၇ဘီလီယံ ထုတ်ပေးခဲ့တယ်။ သက်ဆိုင်ရာဌာနများနဲ့ ဆင်းရဲမှု အကူအညီ လျှော့ချပေးတဲ့ ဌာနများဟာ တက်ကြွစွာ ကြိုးပမ်း ကူညီပေးခဲ့ကြတယ်။ တုန်ကွမ်မြို့ တစ်မြို့ပဲ ယွမ် သန်း ၂၇၀ ကို ထုတ်ပေးခဲ့တယ်။  ဘက်အသီးသီးတို့ရဲ့ လက်တွဲကူညီမှုနဲ့ ကျင့်ရွှံခရိုင်ဟာ အအားနည်းဆုံး အရာများကို တဖြည်းဖြည်း ဖြည့်စွက်နိုင်ခဲ့ပါတယ်။。
ကျင့်ရွှံခရိုင်ရှိ လယ်သမားအများစုက အခြားပြည်နယ်သို့ အလုပ်သွားလုပ်လေ့ ရှိတယ်။ သူတို့ရဲ့ဝင်ငွေဟာ ကျင့်ရွှံခရိုင်ရှိ ဆင်းရဲတဲ့ မိသားစုများရဲ့ စုစုပေါင်းဝင်ငွေရဲ့ ၈၅့၅၇ ရာခိုင်နှုန်း ရှိတယ်။ ပြီးခဲ့တဲ့နှစ်များမှာ ကျင့်ရွှံခရိုင်ဟာ ဆင်းရဲမှု မပပျောက်သေးတဲ့ မိသားစုတွေနဲ့ အလုပ်လက်မဲ့ မိသားစုတွေကို ရည်ရွယ်ပြီး သူတို့ရဲ့ ဆင်းရဲမှု ပပျောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့တယ်။
ဒီနှစ်အတွင်း ကျင့်ရွှံခရိုင်မှ တခြားပြည်နယ်သို့ သွားရောက် အလုပ်လုပ်ကိုင်သူ ဦးရေ စုစုပေါင်း ၆သိန်း ၆ သောင်း ၆ ထောင် ၁ ရာကျော် ရှိပါတယ်၊ တစ်ချိန်တည်းမှာ သစ်တော စောင့်ကြပ်ရေး အပါအဝင် အများပြည်သူ့ အကျိုးဆောင် အလုပ်အကိုင်နေရာသစ် ၂ သောင်း ၉ ထောင်ကျော် ဖန်တီးပေးခဲ့တယ်။ ဆင်းရဲတဲ့ မိသားစုတွေရဲ့ ဝင်ငွေ တိုးလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။  ဒီနှစ်မှာ ကျင့်ရွှံခရိုင် ဒေသခံများရဲ့ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေဟာ ယွမ် ၁ သောင်းကျော် ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။