马宁
ဝက်သစ်ချပင်ကြွက်နားရွက်မှိုဖြင့် ဆင်းရဲမှုပပျောက်စေရေးအောင်ကျိုးရလဒ်ကိုခိုင်မာစေ
(GMT+08:00)2020-12-15 19:07:11  
  စီချွမ်းပြည်နယ် ရောင်ထောင်ခရိုင်ဟာ နိုင်ငံတော်အဆင့် အင်မတန် ဆင်းရဲတဲ့ ခရိုင်ဖြစ်ဖူးပါတယ်။ ရောင်ထောင်ခရိုင်လက်အောက် ရှပ်ဒါရှီကိုရွာထဲမှာ ရိုးရာလယ်ယာ စိုက်ပျိုးရေးသီးနှံဖြစ်တဲ့ ဂျုံကြမ်းနဲ့အာလူးတွေကို အဓိကထားစိုက်ပျိုးပြီး စီးပွားရေးသီးနှံကို မစိုက်ပျိုးတတ်တဲ့အတွက် ရွာသူရွာသားတွေရဲ့ဝင်ငွေ အရမ်းနည်းခဲ့တယ်။
  ရှပ်ဒါရှီကိုရွာဆိုင်ရာ တုန်ဖောင်အီလက်ထရွန်နစ်ကော်ပိုရေးရှင်းမှဆင်းရဲမှုလျှော့ချရေး ဝန်ထမ်းများဟာ ရွာကိုရောက်ပြီး ဒေသခံဇန့်လူမျိုးပြည်သူများ မီးမွှေးဖို့အသုံးပြုတဲ့ ဝက်သစ်ချပင်ကို ကြွက်နားရွက်မှိုစိုက်ပျိုးဖို့ ကယ်ရီယာဝတ္ထုအဖြစ်ထားပြီး စိုက်ပျိုးရေး စံနမူနာပြသမှု အခြေစိုက်စခန်းကို ထူထောင်လာခဲ့တယ်၊ ရွာသူရွာသားတွေကိုဦးဆောင်ပြီး မြေလတ်နဲ့ လယ်ယာသီးနှံစိုက်ပျိုးဖို့ မသင့်တော်တဲ့ မြေရိုင်းမှာ ဝက်သစ်ချပင် ကြွက်နားရွက်မှိုကို ပျိုးထောင်လာခဲ့ပါတယ်။ ဒီဝက်သစ်ချပင် ကြွက်နားရွက်မှို စိုက်ပျိုးရေးလုပ်ငန်းဟာ ရှပ်ဒါရှီကိုရွာရဲ့ ပထမဦးဆုံး ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းဖြစ်တယ်၊ ဒီရွာအုပ်စုစီးပွားရေးအတွက် ပထမဦးဆုံး လုပ်ငန်းလည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ရွာသူရွာသားများ ကိုယ့်ဟာကိုယ် တည်ဆောက်ထားတာ ဖြစ်တယ်။ စိုက်ပျိုးပြီး၅နှစ်အတွင်းမှာ ဝက်သစ်ချပင်တုတ်ချေင်းပေါ်မှာ ရေလောင်းခြင်းပဲဖြင့် ကြွက်နားရွက်မှိုကို ပေါက်လာနိုင်မယ်။ ဒီစံနမူနာပြသမှု အခြေစိုက်စခန်းဟာ လာမည့်၅နှစ်များမှာ လူဦးရေ ၃၀၀ကျော်ရှိတဲ့ဒီရွာအတွက် ဝင်ငွေ ၉သိန်းနီးပါးကို ဆောင်ကြဉ်းလာနိုင်ပါတယ်။
  ဒါ့အပြင် ရွာထဲမှာ စိုက်ပျိုးရေးနဲ့မွေးမြူရေး ပရောဖက်ရှင်နယ် သမဝါယမအဖွဲ့ကိုလည်း ဖွဲ့စည်းထူထောင်လာခဲ့ပါတယ်။ နှစ်စဉ်အကျိုးအမြတ်ရဲ့ ရာခိုင်နှုန်း၃၀ကို ထုတ်ပြီး လုပ်ငန်းဖွံ့ဖြိုးရေးအတွက် အရန်ငွေအဖြစ်ထားကာ ကျန်တဲ့ဟာကို ရွာသူရွာသားများကို ခွဲဝေပေးထားပါတယ်။ ၂၀၁၉ခုနှစ်က ရွာထဲရှိဆင်းရဲသူတစ်ဦးချင်း ပျမ်းမျှအကျိုးအမြတ် တရုတ်ငွေယွမ်၃၄၀ ရရှိနိုင်တယ်၊ မဆင်းရဲတဲ့သူကတော့ တစ်ဦးချင်း ယွမ်၁၄၀ရရှိနိုင်ပါတယ်။ ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီလက ရောင်ထောင်ခရိုင်ရှိရွာသူရွာသား တွေဟာ ဆင်းရဲမှု ပပျောက်စေပြီး ဝင်ငွေတိုးများလာပါပြီရှင်။
ဝက်သစ်ချပင်ကြွက်နားရွက်မှိုဖြင့် ဆင်းရဲမှုပပျောက်စေရေးအောင်ကျိုးရလဒ်ကိုခိုင်မာစေ
  (Unicode)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  (Zawgyi)
  -----------------------------------