马宁
“ကျောက်တုံးရွာ”ရဲ့ပြုပြင်ပြောင်းလဲမှု
(GMT+08:00)2020-12-15 18:47:16  
  ရွှမ်ဟိုရွာဟာ ကျဲ့ကျန်းပြည်နယ် ကျိုဆန်းမြို့ တိုက်ဆန်းခရိုင် အနောက်ဘက်ဆုံးမှာ ရှိပြီး ဝေးလံလှတဲ့ တံငါရွာတစ်ရွာ ဖြစ်ပါတယ်။ အရင်တုန်းက အရမ်းဆင်းရဲပြီး ကျောက်တုံးတွေပဲ ကျန်ရစ်ခဲ့တယ်။ အခုတော့ ပြုပြင်ပြောင်းလဲခြင်းဖြင့် ဖွံ့ဖြိုးမှုကို ရှာကြံလာတယ်၊ ပြန်လည် ရှင်သန်စေပြီးတော့ အသင့်အတင့် ချမ်းသာတဲ့နေထိုင်မှုဘဝကို ရရှိဖို့အတွက် ကျောက်တုံးကိုပဲ မှီခိုအားထားရတာဖြစ်ပါတယ်။
  အရင်တုန်းက ရွှမ်ဟိုရွာမှာ ရွာငယ်လေး ၃ခု ရှိပါတယ်။ ကျောက်ပြားစက်ရုံ၊ ပင်လယ် ငါးဖမ်းလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၃ခုကိုလုပ်ကိုင်ခဲ့ပါတယ်။ ဒေသခံ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းဘူး၊ ရွာပတ်ဝန်းကျင်လည်း ညစ်ညမ်း ဆိုးဝါး ပါတယ်။ ၂၀၀၄ခုနှစ်ကစပြီး ရွှမ်ဟိုရွာက နှိုးဆော်ချက်ကို တက်ကြွစွာ တုံ့ပြန်ပြီး ဒေသခံ ကျောက်တုံးယဉ်ကျေးမှု အရင်းအမြစ်ကို အသုံးပြုကာ ကျောက်တုံးအိမ်တွေကို တည်ဆောက်တယ်၊ ကျောက်လမ်းကို ခင်းထားတယ်၊ ကျောက်တုံးရှုခင်းကို ဖန်တီးတယ်၊ ကျောက်တုံးဆိုင်ရာ ထူးခြားတဲ့ ခရီးသွားကျေးရွာကို တည်ဆောက်လာပါတယ်။
  ၂၀၁၈ခုနှစ်မှာ တက္ကသိုလ် ဘွဲ့ရပြီးနောက် မိန်းကလေး ဝမ်မိန်ထင်းဟာ နိုင်ငံခြားကို ပညာသင်ခွင့်ကို လက်လွှတ်ကာ ရွှမ်ဟိုရွာကို ပြန်လာပြီး အလုပ်ပြန် လုပ်ခဲ့ပါတယ်။ သူမက မိဘနဲ့အတူ ကျောက်ထရံ “ဖုန်းလင်းဖိုး” တည်းခိုဆောင်ကို စီမံခန့်ခွဲပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ဝမ်မိန်ထင်းက “ကျေးရွာသစ် ချမ်းသာမှု ဖန်တီးရေး ရှေ့ဆောင်သူအနေနဲ့ ကျွန်မ ဦးဆောင်ဦးရွက်ပြုနိုင်မယ်လို့ မျှော်လင့်တယ်၊ ပိုမိုများပြားတဲ့ ရွာသူရွာသားတွေက ဒေသခံ ခရီးသွားလုပ်ငန်းမှာ ပါဝင်နိုင်ကြပြီး ခရီးသွားလုပ်ငန်းကို တွန်းအားပေးနိုင်ဖို့ မျှော်လင့်ထားတယ်၊ ရွှမ်ဟိုရွာ ခရီးသွားလုပ်ငန်းဟာ အစဦးပိုင်းကာလအဆင့်မှာ ရောက်ရှိနေသေးတဲ့အတွက်ကြောင့် ပိုများတဲ့ ထူးခြားချက်ကိုလည်း ရှာဖွေရမယ်၊ ရွှမ်ဟိုရွာ ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့အလားအလာ များစွာရှိတယ်၊ ဒီရွာကို ကျွန်မက ယုံကြည်စိတ် အပြည့်အဝ ရှိတယ်”လို့ ဝမ်မိန်ထင်းက ပြောကြားပါတယ်ရှင်။
“ကျောက်တုံးရွာ”ရဲ့ပြုပြင်ပြောင်းလဲမှု
  (Unicode)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  (Zawgyi)
  -----------------------------------