李悦
ရှီဇန့် အရှေ့ပိုင်းဒေသရဲ့ ဆင်းရဲမှု ပပျောက်စေရေး- ကျွန်တော်တို့ အိမ်သစ်မှာ ရွှေ့ပြောင်းနေထိုင်
(GMT+08:00)2020-12-14 17:48:34  
ရှီဇန့် အရှေ့ပိုင်းဒေသရဲ့ ဆင်းရဲမှု ပပျောက်စေရေး- ကျွန်တော်တို့ အိမ်သစ်မှာ ရွှေ့ပြောင်းနေထိုင်
(Unicode/Zawgyi)
【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
 ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
---------------------------------
#“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
# “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
Zawgyi:
-----------------------------------
----------------------------------
ရှီဇန့် အရှေ့ပိုင်းဒေသရဲ့ ဆင်းရဲမှု ပပျောက်စေရေး- ကျွန်တော်တို့ အိမ်သစ်မှာ ရွှေ့ပြောင်းနေထိုင်
-----------------------------------
ချမ်းတူးဟာ ရှီဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အရှေ့ပိုင်းမှာ တည်ရှိပြီး ခန်းဘား ယဉ်ကျေးမှုရဲ့ မြစ်ဖျားခံရာ ဒေသတွေမှာ တစ်ခု အပါအဝင် ဖြစ်သလို ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်းအတွက် ကုန်ပစ္စည်းသွင်းယူဖို့နဲ့ ဖြန့်ဖြူးဖို့ အရပ် ဖြစ်ကာ     ရှီဇန့်၏ အရေးကြီးတဲ့ လမ်းပန်းဆက်သွယ်ရေး ဗဟိုချက်မလည်း ဖြစ်တယ်။
၁၉၅၀ပြည့်နှစ် လွတ်မြောက်ရေး ရရှိခဲ့တဲ့ အချိန်မှာ ချမ်းတူးမြို့ဟာ ဧရိယာ အကျယ်အဝန်း အင်မတန် သေးငယ်ပြီး အဆောက်အအုံတွေ နိမ့်ကာ လမ်းတွေမှာ ရွှံ့ညွှန်တွေ ဗလပွနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ခေတ်နောက်ကျတဲ့ ကုန်းပြင်မြင့်မှာ တည်ရှိတဲ့ မြို့နယ်လေး တစ်မြို့ ဖြစ်တယ်။
ရှီဇန့် အရှေ့ပိုင်း ချမ်းတူးမြို့ဟာ အခြားဒေသသို့ ဆင်းရဲသူတွေအား ရွှေ့ပြောင်းနေထိုင် ပေးခြင်းဖြင့် ဆင်းရဲမှု ပပျောက်စေရေးလုပ်ငန်း အစီအစဉ်ကို အင်တိုက်အားတိုက် ဆောင်ရွက်တယ်။ ၂၀၁၆ခုနှစ်ကစပြီး ချမ်းတူးမြို့ဟာ အခြားဒေသသို့ ဆင်းရဲသူတွေအား ရွှေ့ပြောင်းနေထိုင်ပေးခြင်းဖြင့် ဆင်းရဲမှုပပျောက်စေရေးလုပ်ငန်း အတွက် ပြန်လည်နေရာ ချထားရေး ရပ်ကွက် ၂၆၈ ခုကို အသစ်ဆောက်လုပ်ထားတယ်။ နေအိမ်ဆောက်လုပ်ရေးကို ဆောင်ရွက်တဲ့ တစ်ချိန်တည်းမှာပဲ ကျောင်း၊ ကျေးလက် ကျန်းမာရေး ဌာန၊ သောက်သုံးရေ၊ လျှပ်စစ်ဓါတ်အား၊ ကားလမ်းနဲ့ အင်တာနက် စတဲ့ တွဲဖက် အခြေခံအဆောက်အအုံ တွေကိုလည်း ကောင်းမွန်စွာ ဆောက်လုပ်ခဲ့တယ်။ ချမ်းတူးမြို့မှာ မှတ်ပုံတင်ထားတဲ့ ဆင်းရဲသူ ၉သောင်း၉ထောင်ဟာ တောင်တန်းဒေသမှ အိမ်သစ်တွေကို ရှေ့ဆင့် နောက်ဆင့် ရွှေ့ပြောင်းနေထိုင်လာကြပြီး ချမ်းမြေ့သာယာတဲ့ ဘဝသစ် ရရှိကြပါတယ်။