洪荃诠

ဟူပေပြည်နယ်အစိုးရက မြန်မာနိုင်ငံအစိုးရထံ ယွမ် သိန်း ၂၀ တန်ဖိုးရှိ COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

(GMT+08:00)2020-12-13 15:00:25  

ဟူပေပြည်နယ်အစိုးရက မြန်မာနိုင်ငံအစိုးရထံ ယွမ် သိန်း ၂၀ တန်ဖိုးရှိ COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

ဟူပေပြည်နယ် ပြည်သူ့အစိုးရက မြန်မာနိုင်ငံအစိုးရထံ လှူဒါန်းပေးအပ်သော COVID-19 ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါသည်။

ဟူပေပြည်နယ်အစိုးရက မြန်မာနိုင်ငံအစိုးရထံ ယွမ် သိန်း ၂၀ တန်ဖိုးရှိ COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

 အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ဟူပေပြည်နယ်အစိုးရကိုယ်စား မြန်မာနိုင်ငံထံ ယွမ် သိန်း ၂၀ တန်ဖိုးရှိ COVID-19 ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လွှဲပြောင်း ပေးအပ်ခဲ့သည်။ အဆိုပါပစ္စည်းများတွင် တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ (PPE) အစုံ ၃ သောင်း၊ ကာကွယ်ရေးဝတ်စုံ အစုံ ၃ သောင်း၊ နှာခေါင်းစည်း ၁ သိန်း ၉ သောင်း ၂ ထောင် စသည်တို့ပါဝင်သည်။

ဟူပေပြည်နယ်အစိုးရက မြန်မာနိုင်ငံအစိုးရထံ ယွမ် သိန်း ၂၀ တန်ဖိုးရှိ COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်


မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က “အန္တရာယ်ကြုံပါက မိတ်ဆွေအစစ်ကို သိရှိရပါကြောင်း”၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အမြဲတစေကူညီမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဟူပေပြည်နယ်က လှူဒါန်းပေးအပ်သည့် ပစ္စည်းများက မြန်မာနိုင်ငံ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများအတွက် အလွန်အရေးပါပါကြောင်း ပြောကြားခဲ့ပါသည်။