李悦

တရုတ်-စင်ကာပူ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ရေး နောက်ဆက်တွဲ စေ့စပ်ဆွေးနွေးပွဲ ကျင်းပမည်

(GMT+08:00)2020-12-11 14:46:20  

မကြာခင်က တရုတ်-စင်ကာပူ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ရေး နောက်ဆက်တွဲ စေ့စပ်ဆွေးနွေးပွဲ ကျင်းပရန် တရုတ်နှင့် စင်ကာပူတို့ ကြေညာခဲ့ကြသည်။ ယခုလ ၁၀ ရက်နေ့က ပီကင်းတွင် ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက ယခုအကြိမ် စေ့စပ်ဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေးနှင့် အဆင်ပြေစေရေး အဆင့်တိုးမြှင့်ရန်၊ နှစ်ဖက်ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပေါ်လစီများ၏ ပွင့်လင်းမြင်သာမှုအဆင့်အတန်း တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။