李悦
“ရှီးချိုစိတ်ဓါတ်”ကို ဖြစ်ထွန်းပြန့်ပွားအောင် အင်တိုက်အားတိုက်ဆောင်ရွက်ပြီး ဆင်းရဲမှု ပပျောက်စေရေး တိုက်ပွဲကြီးတွင် အောင်ပွဲခံခဲ့သော ရှီးချိုခရိုင်
(GMT+08:00)2020-12-09 18:25:50  
“ရှီးချိုစိတ်ဓါတ်”ကို ဖြစ်ထွန်းပြန့်ပွားအောင် အင်တိုက်အားတိုက်ဆောင်ရွက်ပြီး ဆင်းရဲမှု ပပျောက်စေရေး တိုက်ပွဲကြီးတွင် အောင်ပွဲခံခဲ့သော ရှီးချိုခရိုင်
(Unicode/Zawgyi)
【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
 ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
---------------------------------
#“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
# “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
Zawgyi:
-----------------------------------
---------------------------------
“ရှီးချိုစိတ်ဓါတ်”ကို ဖြစ်ထွန်းပြန့်ပွားအောင် အင်တိုက်အားတိုက်ဆောင်ရွက်ပြီး ဆင်းရဲမှု ပပျောက်စေရေး တိုက်ပွဲကြီးတွင် အောင်ပွဲခံခဲ့သော ရှီးချိုခရိုင်
---------------------------
ယူနန်ပြည်နယ် ဝင်ဆန်းဒေသ ရှီးချိုခရိုင်ရှိ နယ်မြေ၏ ၉၉့၉ရာခိုင်နှုန်းဟာ တောင်တန်းဒေသမှာရှိပြီး လယ်ယာစိုက်ပျိုးရေးအတွက် အသုံးမပြုနိုင်သော နယ်မြေ၏ အကျယ်အဝန်းဟာ ၇၅့၎ရာခိုင်နှုန်းရှိလို့ ယူနန်ပြည်နယ်နဲ့ တရုတ်ပြည် တစ်ပြည်လုံးမှာ အခြေအနေအဆိုးရွားဆုံးသော ခရိုင်တွေထဲမှာတစ်ခုအပါအဝင် ဖြစ်ပါတယ်။ အလွန် ဆိုးရွားတဲ့  နေထိုင်မှု၊ ဆင်းရဲမှုအခြေအနေနဲ့ ရင်ဆိုင်ရာမှာ ရှီးချိုခရိုင်ရှိ ပြည်သူများဟာ “ရှီးချိုစိတ်ဓါတ်”ကို ပြသပြီး ကန္တာရကို ပြုပြင်ပြီး ဆင်းရဲမှုကိုတိုက်ခိုက်ခဲ့ပါတယ်။  ရွာသူရွာသားတွေဟာ နဂိုက “ထိုင်ပြီးတော့ ဆင်းရဲမှုကိုခံရတယ်”၊ အခုကျတော့ လက်တွေ့ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ချမ်းသာမှုကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့တယ်။ ဆင်းရဲ ပင်ပန်းခံပြီး လက်တွေ့ကြိုးပမ်းဆောင်ရွက်မှုမှာ ဖြစ်ပေါ်လာတဲ့ “ရှီးချိုစိတ်ဓါတ်” ဆိုတာဟာ “ထိုင်ပြီးစောင့်ကြည့်လို့ မရဘူး၊ လက်တွေ့ကြိုးပမ်းဆောင်ရွက်မှ အလားအလာရှိ”တဲ့ အဓိပ္ပါယ်ရပါတယ်။
ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းဆောင်ရွက်ရာမှာ ရှီးချိုခရိုင်ဟာ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမှု ပပျောက်စေရေးနဲ့ စိတ်ပိုင်းဆိုင်ရာဆင်းရဲမှု ပပျောက်စေရေး ပေါင်းစပ်ပြီး လုပ်ကိုင်ဆောင်ရွက်ရေးကို စွဲကိုင်တာဖြစ်ပြီး ရွာသူရွာသားတွေရဲ့ ဝင်ငွေ တိုးများစေခြင်းနဲ့ စိတ်ဓါတ် ထူထောင်ခြင်းကို တစ်ပြိုင်တည်းတွန်းအားပေးတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ စိတ်ဓါတ်ထူထောင်ရေး သင်တန်းနဲ့ တတ်ကျွမ်းမှု စွမ်းရည်ဆိုင်ရာလေ့ကျင့် ပျိုးထောင်ရေး သင်တန်းတွေ ဖွင့်လှစ်ခြင်းဖြင့် “ရှီးချိုစိတ်ဓါတ်”ကို ကျေးရွာတိုင်းနဲ့ အိမ်တိုင်းအထိ ရှင်းလင်းတင်ပြပြီး ဝါဒဖြန့်ကာ ရွာသူရွာသားတွေကိုဆင်းရဲမှု ပပျောက်နိုင်အောင် အားထုတ်ကြိုးပမ်းဆောင်ရွက်ဖို့ လှုံ့ဆော်တာ ဖြစ်ပါတယ်။ အခုရှီးချိုခရိုင်ဟာ“လူသားတို့ရဲ့ အခြေခံနေထိုင်မှု အခြေအနေမရှိတဲ့ ဒေသ”မှ Karstထုံးကျောက်မြေရှိ ကန္တာရရိပ်သာအဖြစ် ပြောင်းလဲလာပြီး ဒီမှာအမျိုးသားဥယျာဉ် တည်ဆောက်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပြီ။
ဆင်းရဲမှု ပပျောက်စေပြီး ချမ်းသာမှုကို အကောင်အထည် ဖော်ဆောင်မှာ ဖြစ်ပါတယ်။ နောက်နောင်မှာ ရှီးချိုခရိုင်ဟာ အတွင်းပိုင်းတွန်းအားပေးမှုတွေကို တစ်ဆင့်တိုး ဖော်ထုတ်မှာဖြစ်သလို ဆက်လက်ပြီး တစ်စိတ်တည်းတစ်ဝမ်းတည်း တက်ညီလက်ညီ ကြိုးပမ်းအားထုတ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်၍ လယ်ယာစိုက်ပျိုးရေးကို ပိုမိုထွန်းကားစေဖို့၊ ကျေးလက် ဒေသကို ပိုမိုလှပစေဖို့နဲ့ လယ်သမားတွေကို ပိုမိုချမ်းသာစေဖို့ အားထုတ် ကြိုးပမ်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။