马宁

တရုတ်၊လာအို၊မြန်မာ၊ထိုင်းမဲခေါင်မြစ်ဝှမ်းတစ်လျှောက် ပူးတွဲ ဥပဒေကြပ်မတ်ရေး ရေကြောင်း ခရီးစဉ် စုစုပေါင်း ၅.၆၁ သောင်း ကီလိုမီတာရှိ

(GMT+08:00)2020-12-07 10:59:52  

  တရုတ်၊လာအို၊မြန်မာ၊ထိုင်း၎ နိုင်ငံတို့၏ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ပူးတွဲ ဥပဒေ ကြပ်မတ်ရေး စနစ် တည်ထောင်ခဲ့သည့် ၉ နှစ်အတွင်း ၄ နိုင်ငံမှ ဥပဒေ ကျင့်သုံးရေးဌာနတို့သည် ကြပ်မတ်ရေး လုပ်ဆောင်မှုတွင် ပြစ်မှုကျူးလွန်မှုများကို တိုက်ဖျက်ပြီး ကုန်သွယ်ရေး သင်္ဘောများကို    ထိန်းသိမ်းစောင့်ကြပ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် နိုင်ငံများမှ ပြည်သူများအတွက် စီးပွားရေးနစ်နာဆုံးရှုံးမှု ယွမ် ၁၈၈ သန်းကို ကယ်တင်၍ ပူးတွဲကြပ်မတ်ရေး ရေကြောင်း ခရီးစဉ် စုစုပေါင်း ၅.၆၁ သောင်းကီလိုမီတာရှိသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာနမှ အမြဲတမ်း ဒုညွှန်ကြားရေးမှူးချုပ် ကျိုကျက်ကျုံးက အကြိမ် ၁၀၀ မြောက် တရုတ်၊လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ပူးတွဲ ဥပဒေကြပ်မတ်ရေးတာဝန်ကို ၈ ရက်နေ့တွင် စတင်မည်ဟု ပြောကြားပါသည်။