李悦
၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလမှာ တရုတ်ပြည်ဟာ အရှိန်မြှင့်ဖွံ့ဖြိုးလာပြီး အနာဂတ် သစ်သို့ ခြေလှမ်းမှန်မှန်ဖြင့် ချီတက်နေ
(GMT+08:00)2020-12-05 20:55:52  
၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလမှာ တရုတ်ပြည်ဟာ အရှိန်မြှင့်ဖွံ့ဖြိုးလာပြီး အနာဂတ် သစ်သို့ ခြေလှမ်းမှန်မှန်ဖြင့် ချီတက်နေ
(Unicode/Zawgyi)
【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
 ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
---------------------------------
#“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
# “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
Zawgyi:
-----------------------------------
---------------------------------
၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလမှာ တရုတ်ပြည်ဟာ အရှိန်မြှင့်ဖွံ့ဖြိုးလာပြီး အနာဂတ် သစ်သို့ ခြေလှမ်းမှန်မှန်ဖြင့် ချီတက်နေ
----------------------------
၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလမှာ တရုတ်ပြည် တစ်ပြည်လုံးဟာ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို ဦးလည်မသုန် စွဲကိုင်ပြီး အခက်အခဲများကို ကျော်လွှားကာ ဖွံ့ဖြိုးရေး အားသာချက်များကို အခြေခံ၍ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးဖြင့် အောင်မြင်မှုသစ်များကို အဆက်မပြတ် ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလမှာ  မီတာ ၅၀၀ အချင်းရှိတဲ့ ရေဒီယို တယ်လီစကုပ် တည်ဆောက်ရေး၊ “ကျော်လွန်” လူပါ ရေငုပ်ယာဉ် ပင်လယ်အောက်မှာ စူးစမ်းလေ့လာရေး၊ တရုတ်ပြည်က ကိုယ်ပိုင် သုတေသနပြု ထုတ်လုပ်တဲ့ C 919 လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်ရေး၊ ဟောင်ကောင်၊ ကျူးဟိုင်၊ မကာအိုတံတားကြီး အပြီးသတ် ဆောက်လုပ်ရေး၊ ပေတို ဂြိုလ်တုကွန်ရက် အပြီးသတ် တည်ဆောက်ရေး၊ 5G အင်တာနက် ကွန်ရက် အရှိန်မြှင့် ထူထောင်ရေးနဲ့ ဒီဂျစ်တယ် စီးပွားရေးပမာဏဟာ တစ်ပြည်လုံး GDPရဲ့ ၃၀ ရာခိုင်နှုန်းကျော်ရှိရေး စတဲ့ တိုးတက်အောင်မြင်မှုများကို ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဆန်းသစ်တီထွင်မှု အောင်ကျိုးရလဒ်များကို နယ်ပယ်အရပ်ရပ် မှာ အသုံးပြု၍ တရုတ်ပြည်ရဲ့ ပစ္စည်းကိရိယာ ထုတ်လုပ်နိုင်စွမ်းကို သိသာထင်ရှားစွာ မြှင့်တင်စေခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စနစ်ကိုလည်း ကောင်းမွန်ပြည့်စုံအောင် ဆက်တိုက် အားဖြည့်ပြုလုပ်ပြီး ဒေသတွင်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစွာ တွန်းအားပေးကာ တရုတ်ပြည်ရဲ့  စီးပွားရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုတွင် အောင်ကျိုးရလဒ်သစ်များ အဆက်မပြတ်ရရှိစေရန်  ကျားကန်ပေးနေပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်သစ်ကို အခြေခံပြီး ၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်း ကာလမှာ တရုတ်ပြည်ဟာ အရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်လာပြီး အနာဂတ်သစ်သို့ ခြေလှမ်း မှန်မှန်ဖြင့် ချီတက်နေပါတယ်။