နိုဝင်ဘာလ ၂၇ ရက်နေ့ သုညနာရီ ၄၁ မိနစ်က တရုတ် နျူကလီးယား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း ဖူချင်း နျူကလီးယား လျှပ်စစ်ဓါတ်အားပေး အမှတ်-၅ စက်ရုံ ပထမဆုံးအကြိမ် အောင်မြင်စွာ ကွန်ရက်ဝင် အသုံးပြုခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
စက်ရုံ၏ နည်းပညာစံချိန်စံနှုန်းသည် ဒီဇိုင်းသတ်မှတ်ချက်နှင့် ကိုက်ညီပြီး စက်များ လည်ပတ်မှုအခြေအနေ ကောင်းမွန်ကာ နောက်ဆက်တွဲ စီးပွားဖြစ် လည်ပတ်မှုအတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ် ချပေးပြီ ဖြစကြောင်း၊ ထို့ပြင် ကမ္ဘာ့ တတိယ မျိုးဆက် နျူကလီးယား လျှပ်စစ်ဓါတ်အားပေး ပထမဦးဆုံး နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်ရေးဆိုင်ရာ အကောင်းဆုံး အောင်ကျိုးရလဒ်ကိုလည်း ဖန်တီးနိုင်ခဲ့ကြောင်း၊ ယင်းသည် နိုင်ငံခြား နျူကလီးယားနည်းပညာ လက်ဝါးကြီးအုပ်မှုကို တရုတ်နိုင်ငံက ထိုးဖောက်ပြီဟု ပြသနေကြောင်း သတင်းရရှိပါသည်။