李悦
ဆင်းရဲသူမှ ဆိတ်သိုးမွေးမြူရေး ကျွမ်းကျင်သူ အဖြစ် ပြောင်းလဲလာ
(GMT+08:00)2020-12-03 20:27:52  
ဆင်းရဲသူမှ ဆိတ်သိုးမွေးမြူရေး ကျွမ်းကျင်သူ အဖြစ် ပြောင်းလဲလာ
ဆင်းရဲသူမှ ဆိတ်သိုးမွေးမြူရေး ကျွမ်းကျင်သူ အဖြစ် ပြောင်းလဲလာ
【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
 ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
_______________ 
#“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
# “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
Zawgyi:
_______________
---------------------------------
ဆင်းရဲသူမှ ဆိတ်သိုးမွေးမြူရေး ကျွမ်းကျင်သူ အဖြစ် ပြောင်းလဲလာ
----------------------
အသက်၄၇နှစ် ရှိတဲ့ လီယွိရှန့်ဟာ အန်းဟွေးပြည်နယ် ယင်ရှန့်ခရိုင် ချင်ချောင်မြို့နယ် လီကျွမ်းရွာမှာ နေထိုင်တယ်။ ၂၀၁၅ခုနှစ်မှာ လီယွိရှန့်ရဲ့ အိမ်ထောင်စုကို ဆင်းရဲတဲ့ အိမ်ထောင်စု အဖြစ် မှတ်ပုံတင်ထားပါတယ်။
လီယွိရှန့်အိမ်ထောင်စုရဲ့ ဆင်းရဲမှု ပပျောက်စေရေးကို ကူညီပံ့ပိုးတဲ့အတွက် ဆင်းရဲမှု ပပျောက်စေရေး ဝန်ထမ်းတွေက သူ့အတွက် ဆိတ်သိုး ၁၀ကောင်ကျော်ကို ဝယ်ပေးခဲ့တယ်။ မြို့နယ်နဲ့ ကျေးရွာက မွေးမြူရေး နည်းပညာ ဝန်ထမ်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ အားပေးမှုဖြင့် လီယွိရှန့်ဟာ အပတ်တကုတ် နှိုက်နှိုက်ချွတ်ချွတ် ဆည်းပူးလေ့လာပြီး ဆိတ်သိုး မွေးမြူရေး နည်းပညာကို လျင်မြန်စွာနဲ့ ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ကာ သူ့ရဲ့ စီးပွားရေး အခြေအနေဟာ ဆက်တိုက် ကောင်းမွန်လာပါတယ်။ ၂၀၁၆ခုနှစ်မှာ သူမွေးမြူတဲ့ ဆိတ်သိုး အကောင်ရေမှာ ၃၀ကျော်အထိ တိုးလာပြီး ဆင်းရဲမှုကို အောင်မြင်စွာ ပပျောက်စေခဲ့ပါတယ်။
အဲဒီ နောက်ပိုင်းမှာ လီယွိရှန့်ဟာ ဆက်လက် အားထုတ်ကြိုးပမ်းပြီး မွေးမြူရေး အတိုင်းအတာကို ဆက်တိုက်တိုးချဲ့ကာ ဒေသခံ နာမည်ကျော် ဆိတ်သိုးမွေးမြူရေး ကျွမ်းကျင်သူ ဖြစ်လာပါတယ်။ အခု သူမွေးမြူတဲ့ ဆိတ်သိုး အကောင်ရေမှာ ၃၀၀ကျော် ရှိပါတယ်။ ကိုယ့်ဆင်းရဲမှုကို ပပျောက်စေခဲ့တဲ့ တစ်ချိန်တည်းမှာပဲ လီယွိရှန့်က ရွာသူရွာသားတွေကိုလည်း ဆိတ်သိုးမွေးမြူရေး အသိပညာတွေကို သင်ပြပေး၍ ရွာသူရွာသားတွေကို ဦးဆောင်ပြီး ဝင်ငွေ တိုးများလာကာ ကြွယ်ဝချမ်းသာမှုကို အကောင်အထည် ဖော်ဆောင်ကြပါတယ်။