马宁
အသီးနဲ့အရွက်မှန်လုံအိမ်စိုက်ပျိုးခြင်းဖြင့် လယ်သမားများ ဆင်းရဲမှုပပျောက်ပြီး ဝင်ငွေတိုးများ
(GMT+08:00)2020-12-02 00:46:08  
  (Unicode/Zawgyi)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  Zawgyi:
  -----------------------------------
  -----------------------------------
  ဟေလုံကျန်းပြည်နယ် ဝမ်ခွေခရိုင် မန်ချူးလူမျိုး ရှောင်ဟွမ်ဟိုစန်းရွာဟာ တာ့ရှင်းအန်းလင်တောင်တောင်ပိုင်း အရမ်းဆင်းရဲတဲ့ဒေသမှာ တည်ရှိပါတယ်။ ၂၀၁၉ခုနှစ် နှစ်ကုန်က တစ်ရွာလုံးရှိဆင်းရဲတဲ့မိသားစုတွေက ဆင်းရဲမှုအကုန်လုံးပပျောက်ခဲ့ပါပြီ။ ရွာထဲမှာ ၂၀၁၇ခုနှစ်တုန်းက အသီးနဲ့အရွက်ပလပ်စတစ်ပေါင်းမိုးအိမ်ကိုထူထောင်ခဲ့ပြီး လယ်သမားတွေအတွက် ဆင်းရဲမှုပပျောက်စေပြီးဝင်ငွေတိုးများလာနိုင်တဲ့ အရေးကြီး နည်းလမ်းဖြစ်လာခဲ့ပါတယ်။
  ဆင်းရဲမှုပပျောက်တဲ့ရွာသူ ယန်ရှူဟွာနဲ့ယောက်ျားနှစ်ဦးတို့ဟာ အသီးနဲ့အရွက် ပလပ်စတစ်ပေါင်းမိုးအိမ်ထဲမှာ အလုပ်လုပ်နေကြတယ်၊ နှစ်စဉ်ဝင်ငွေ တရုတ်ငွေယွမ် ၄သောင်းနီးပါးလောက်ရှိပါတယ်။ သူမက ဒီအသီးနဲ့အရွက်ပလပ်စတစ်ပေါင်းမိုးအိမ်ဟာ ကျမတို့ဆင်းရဲသူတွေအတွက် အရမ်းကောင်းပါတယ်၊ ကျမတို့ဟာ ဒီထဲမှာ အလုပ်လုပ်ရင် တစ်နေ့ဆိုရင် တရုတ်ငွေယွမ်၁၀၀ရရှိနိုင်ပါတယ်၊ ဒီပလပ်စတစ်ပေါင်းမိုးအိမ်ရှိတာကြောင့် ကျမတို့ဟာ နေထိုင်မှုဘဝအတွက် မျှော်လင့်ချက်ရှိလာစေပါတယ်လို့ ပြောကြားပါတယ်။
  ရွာသူဝမ်ဖူချိန်က ရွာသူရွာသားတွေက ပြောင်းဖူးနဲ့ပဲပုပ်ကိုစိုက်ပျိုးခဲ့တာ ၃၊၄ဆယ်နှစ် ကြာရှိပြီး ဝင်ငွေလည်းသိပ်မများဘူးလို့ ခံစားမိခဲ့တယ်၊ ရွာထဲမှာ ချယ်ရီသီးခြံ၊ ဖရဲသီးခြံ၊ စထရော်ဘာရီသီးခြံရှိပြီး ဝင်ငွေတိုးများလာတာကိုတွေ့ပြီးနောက် စီးပွားရေးသီးနှံပင်များကို စိုက်ပျိုးချင်လာပါတယ်၊ ဒီလိုလုပ်ရင် ရွာကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်လို့ ပြောကြားပါတယ်။
  လက်ရှိအချိန်မှာ ရွာထဲမှာ အသီးနဲ့အရွက်ပလပ်စတစ်ပေါင်းမိုးအိမ် စုစုပေါင်း ၅၀ရှိပါတယ်။ အစုရှယ်ယာဝယ်ယူခြင်းနဲ့ အလုပ်လုပ်ခြင်းတို့ဖြင့် ဆင်းရဲတဲ့မိသားစု၄၀ကျော် အပါအဝင် လယ်သမား မိသားစု ၁၀၀နီးပါးတို့ကိုဦးဆောင်ပြီး ဝင်ငွေတိုးများစေလာပါပြီရှင်။