洪荃诠

၁၇ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပပြီးစီး

(GMT+08:00)2020-12-01 13:58:51  

၁၇ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပပြီးစီး

၁၇ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို နိုဝင်ဘာလ ၃၀ရက်နေ့တွင် ကျင်းပပြီးစီး ခဲ့ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲသည် တရုတ်နှင့်အာဆီယံ၏ ကိုဗစ်-၁၉ လက်တွဲ တိုက်ဖျက်ရေး အောင်ကျိုးရလဒ်ကို အပြည့်အဝ ပြသထားပြီး နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံ နက်ရှိုင်းစေခဲ့ပါသည်။
ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စုစုပေါင်း ၈၆ ခုကို စာချုပ် ချုပ်ဆိုကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ တရုတ်ယွမ်ငွေ ၂၆၃.၈၇ ဘီလီယံရှိပြီး လွန်ခဲ့သည့်အကြိမ်ကထက် ၄၃.၆ ရာခိုင်နှုန်း တိုးများလာ၍ ၂၀၀၄ခုနှစ်မှစပြီး တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပခဲ့သော နှစ်များ အတွင်း တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ပါသည်။
၁၈ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားပါသည်။